ရန်ကုန် ဖေဖော်ဝါရီ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အတွင်း၌ ကာကွယ်ဆေး ထိုးနှံခြင်းကို ရဟန်းရှင်လူ ပြည်သူများအား သက်ဆိုင်ရာ ဦးစားပေး အစီအစဉ်အလိုက် ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ထိုးနှံ ပေးလျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီမှစတင်၍ ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူ များအား ကိုဗစ်-၁၉ ကာကွယ်ဆေးအဖြစ် အိန္ဒိယနိုင်ငံထုတ် Covidshield ကာကွယ်ဆေး များကို (၃၈) ရပ်ကွက်၊ မင်္ဂလာအေးကျောင်းတိုက်နှင့် (၄၇) ရပ်ကွက် ဓမ္မာရုံတို့၌ ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်နှင့် အိုမီခရွန် ဗိုင်းရပ်ကူးစက်မှုမှ ကာကွယ်နိုင်ရန် ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၁၈) နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် (၃၈)ရပ်ကွက်ရှိ မင်္ဂလာအေးကျောင်းတိုက်၊ (၄၇) ရပ်ကွက်ဓမ္မာရုံတို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေးခဲ့ရာ ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် အမျိုးသား (၂၉၇) ဦး၊ အမျိုးသမီး(၃၀၆) စုစုပေါင်း(၆၀၃)ဦးတို့အား Covidshield ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မြင့်မြင့်ရီ (ဒဂုံမြောက်)