မင်းပြားမြို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ လူငယ်သင်တန်း ကျောင်း၌ အိုမီခရွန်ကာကွယ်ရေးအားကစား အသိပညာပေး သရုပ်ပြပွဲကျင်းပ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ အိုမီခရွန်ရောဂါ ကာကွယ်ရေး အားကစား အသိပညာပေး ဟောပြောပွဲအခမ်းအနားကို ယမန်နေ့က မင်းပြားမြို့ရှိ အဆိုပါ သင်တန်းကျောင်း၌ ကျင်းပ ပြုလုပ်သည်။

သာစည်မြိုနယ်တွင် အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင် စစ်ဆေး ခြင်းများ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံ မှန်ကန်စေရေး မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

တာမွေမြို့နယ်အတွင်းရှိ ပြည်သူခုနှစ်သောင်းတစ်ထောင်ကျော်အား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ အကြိမ်ပြည့် ထိုးနှံပေးနိုင်ခဲ့ပြီးဖြစ်

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက် ပြန့်ပွားမှုကို တားဆီးနိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက တာမွေမြို့နယ်ရှိ အလုပ် သမားဆေးရုံကြီး(ရန်ကုန်)တွင် မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသေးသည့်သူများအား လူတစ်ဦးလျှင် နှစ်ကြိမ်နှုန်းဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန် ချက်များနှင့်အညီ ဆက်လက်ထိုးနှံပေးလျက်ရှိရာ မြို့နယ်အတွင်းရှိ ပြည်သူ (၇၁၂၇၆)ဦးကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီမှ သိရသည်။

တောင်တွင်းကြီးမြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ ကျေးရွာနေ ပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌ကျော်ခိုင်ထွန်း၊အဖွဲ့ဝင်(၂)ဦးလှသောင်းနှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က ယနေ့နံနက် (၉) နာရီက တောင်တွင်းကြီးမြို့နယ် အင်းရွာကြီးကျေးရွာသို့ သွားရောက်ပြီး ကျေးရွာနေ ပြည်သူများနှင့် တွေ့ဆုံ၍ အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ကျောက်မဲမြို့နယ်တွင် ကိုဗစ်၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ မြို့ကျက်သရေဆောင်ခန်းမ၌   ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်နှင့် ဒုတိယအကြိမ်ထိုးနှံရမည့် အသက် ၁၈ နှစ်အထက် ပြည်သူများအား ကာကွယ်ဆေးများ ‌နေ့စဉ်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

တောင်ကုတ်မြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာ အထက်တန်းကျောင်းများ၌ ပြည်နယ်အဆင့် မေးခွန်းပုံစံဖြင့် ကျောင်းသား/ကျောင်းသူ (၁၇၂၅)ဦး ဝင်ရောက်ဖြေဆို

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း ကျောင်းများ ကိုယ်ပိုင်အထက်တန်း ကျောင်းတို့၌ ပြည်နယ်အဆင့် မေးခွန်းပုံစံဖြင့်ယနေ့ နံနက် ၉ နာရီအချိန်မှစတင်၍ ဖြေဆိုလျက်ရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

ကျေးသီးမြို့နယ်အတွင်းရှိ ကျေးရွာ(၃)ရွာ၌ မြေသားလမ်း သဲဗြုန်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ (၆)လတာ ဘဏ္ဍာ ရေးနှစ်ကာလအတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းဖြင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ ကျေးရွာ (၃)ရွာတို့တွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး မှုအခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

စလင်းမြို့နယ်တွင် ကျေးလက်ဒေသဖွံဖြိုးရေး ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဌာနဆိုင်ရာများပူပေါင်းအဖွဲ့ တည်ဘိုကန်ကျေးရွာနေပြည်သူများနှင့်တွေ့ဆုံဆွေးနွေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေး တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးနေလင်းနိုင်ဦးဆောင်သော ပူးပေါင်း အဖွဲ့သည် မတ်လ ၁ရက်နံနက် ၉နာရီ ၃၀အချိန်က ကြူဝန်းကျေးရွာအုပ်စု တည်ဘိုကန် ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ အသိပေး ရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ ကံကျဲကျေးရွာ ကျခုတ်တဲတိုက်သို့ သောက်သုံးရေ ၁၆၀၀ ဂါလံလှူဒါန်း

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်လျက်ရှိသော ညောင်ဦးမြို့နယ် ကံကျဲကျေးရွာ၊ ကျခုတ်တဲတိုက်သို့ ယနေ့နေ့လယ် ၂ နာရီအချိန်က သောက်သုံးရေဂါလံ ၁၆၀၀ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

လိန်ပင်ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့် ကျေးရွာတွင်း ဂျင်းလမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ လိန်ပင်ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့် ကျေးရွာတွင်း ဂျင်းလမ်းခင်း ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးမှုအား ယနေ့နံနက်၁၀နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ရွှေဘိုခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Subscribe to