မြဝတီ အောက်တိုဘာ ၆
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ စိတ်ချမ်းသာအောင် ဘယ်လိုနေမလဲနှင့်အခြားဆောင်းပါးများပါစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ပြုလုပ်သည်။
စာဖတ်ဝိုင်းတွင် မြဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးသီက စာဖတ်ဝိုင်းပြုလုပ်သည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ထို့နောက် Women Club ဥက္ကဋ္ဌဒေါ်ကေခိုင်က စာရေးဆရာလူထုစိန်ဝင်းရေးသားထားသည့် စိတ်ချမ်းသာအောင်ဘယ်လိုနေမလဲနှင့်အခြားဆောင်းပါးများစာအုပ်တွင် ပါရှိသည့်စိတ်ချမ်းသာ အောင်ဘယ်လိုနေရမလဲနှင့် လူငယ်များအတွက် ပေးချင်တဲ့ကဗျာလက်ဆောင်ပါ အကြောင်းအရာ တို့ကို ဆွေးနွေးဖတ်ကြားခဲ့ပြီး မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ အကြီးတန်းစာရေး ဒေါ်ကြည်ကြည်ဖြိုးကျော်က မိန်းမသားတွေဂုဏ် ထူးဆောင်အိမ်စေမဖြစ်စေဖို့၊ လူ့တန်ဖိုးနှင့်လူ လိမ်မ္မာနှင့်လူမိုက်ပါ အကြောင်းအရာများကို ဆက်လက်ဖတ်ကြားဆွေး နွေးရာ သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
မန်းသန်းရွှေမြင့်(ပြန်/ဆက်)