လှိုင်းဘွဲမြို့ စည်ပင်သာယာမြို့မဈေးအတွင်း ဈေးရောင်းသူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Tesk Kit ဖြင့် စစ်ဆေး

လှိုင်းဘွဲ အောက်တိုဘာလ ၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ဈေးရောင်း/ဈေးဝယ်သူများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်အတွက် စည်ပင်သာယာမြို့မဈေးအတွင်း ဈေးရောင်းသူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Test Kit ဖြင့် စစ်ဆေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က အဆိုပါ မြို့မဈေးအတွင်း၌ ဆောင်ရွက်ခဲ့သည်။

ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစောငြိမ်းထွန်း ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းနှင့် တာဝန်ရှိသူများက စည်ပင်သာယာမြို့မဈေးအတွင်း ဈေးရောင်းသူ (၅၀) ဦးအား ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ  သိရှိနိုင်စေရန်အတွက် Test Kit ဖြင့် စစ်ဆေးပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)