ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ပထမအကြိမ်ထိုးနှံပေးမည်ဖြစ်ကြောင်း အသံချဲ့စက်ဖြင့်လှည့်လည်နှိုးဆော်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြိုတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံပေးခြင်းကို အသက်(၅၅) နှစ်နှင့် အထက်သက်ကြီးဘိုးဘွားများ၊ မသန်စွမ်းသူများ၊ မကူးစက်နိုင်သော ရောဂါရှိသော ဦးတည် အုပ်စုများကို အောက်တိုဘာ ၅ ရက်မှ အောက်တိုဘာ ၆ ရက်နေ့အထိ နံနက် ၉ နာရီမှ ၁၂ နာရီအချိန် အထိ သတ်မှတ်စုရပ်နေရာများ၌ ပြည်သူ့ကျန်းမာရေးဌာနမှ ကာကွယ်ဆေးများ ပထမအကြိမ်ထိုးနှံ ပေးသွားမည်ကို ယနေ့န့နက်ပိုင်းက အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်ခဲ့ ကြောင်း သိရသည်။