ဖျာပုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရပြီး ပြန်လည်ကျန်းမာလာသူ တစ်ဦး၏ရင်တွင်း စကားသံ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေး ကော်မတီမှ ရောဂါကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ဖျာပုံခရိုင်ပြည်သူ့ဆေးရုံ ကြီးတွင် ယနေ့အထိဓာတ်ခွဲအတည်ပြု လူနာစုစုပေါင်း(၉၄၂)ဦး၊ ဆေးကုသမှုခံယူနေသောလူနာ(၈)ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း (၈၃၂) ဦးနှင့် သေဆုံးသူစုစုပေါင်း (၁၀၂)ဦးရှိကြောင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ သိရပါတယ်။ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး ပြန်လည် ကျန်းမာလာသူတစ်ဦး၏ ရင်တွင်းစကားသံကို ယခုလို မေးမြန်းခဲ့ပါတယ်။

ပုံပါကျင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုမရှိစေရေး မြန်မာ၊ ရှမ်း နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် ယနေ့နံနက် ၉ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များ၌ ပြည်သူများ လိုက်နာရမည့်အချက်များအား မြန်မာ၊ ရှမ်း နှစ်ဘာသာဖြင့် အသိပညာပေး နှိုးဆော် ခဲ့ကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်တွင်ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်နှင့် အိမ်ထောင်စု ဦးရေစာရင်း များကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ပန်းချီရှောင်ကျေးရွာရှိ ကျောင်းကြီးဘုန်း တော် ကြီးကျောင်း၌ အခြေပြု၍ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရ သည်။

ကျိုင်းတုံမြို့နယ်တွင် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု ရှိ၊ မရှိ အခမဲ့ စစ်ဆေးပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၌ ဒေသခံပြည်များအား ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရမှု ရှိ၊ မရှိ အခမဲ့စစ်ဆေးပေးခြင်း ကို ယမန်နေ့က ရပ်ကွက်၊ ကျေးရွာများတွင် RDT Test Kit ဖြင့် တာဝန်ရှိသူများက စစ်ဆေးပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ တောင်သူများအား ဆီထွက်သီးနှံ နေကြာမျိုးစေ့များနှင့် ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ ဥက္ကံကျေးရွာအုပ်စု ကုန်းမြင့်ကျေးရွာ တောင်သူ ဦးမြင့်သိန်း၏ လယ်ကွက်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်မှ ထောက်ပံ့ပေး အပ်သော ဆီထွက် သီးနှံနေကြာ ဆင်းရွှေကြာ(၂) မျိုးစေ့အိပ်များနှင့် ဓာတ်မြေဩဇာများ တောင်သူ များထံ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ် သည်။

စန္ဒကူးပျိုးပင်ပျိုးထောင်ရောင်းချသူများပျိုးပင်ပြတ်သည်အဓိရောင်းချနေရပြီးမိသားစု ဝင်ငွေတွက် ခြေကိုက်နေ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်နှင့်ကျောက်ပန်းတောင်းမြို့နယ်ရှိ စန္ဒကူး ပင်ပျိုးထောင် ရောင်းချသူများ ပျိုးပင်ပြတ်သည်အထိ ရောင်းချ ရခြင်းကြောင့် လာမည့်နှစ် ပြန်လည်ပျိုးထောင်ချိန် စန္ဒကူးပင်(မျိုး)ပျိုထောင်သူများပြားလာနိုင်ကြောင်း ကျောက်ပန်းတောင်းမြို့နယ်၊ ဆည်ပေါက် ကျေးရွာ စန္ဒကူးမျိုးစေ့ပျိုးထောင်ရောင်းချသူဦးခင်မောင်သိန်း ထံကသိရသည်။

ဒေးဒရဲမြို့၌ နှာခေါင်းစည်း (Mask)တပ်ဆင်သွားလာရေး အသိပညာပေးခြင်းနှင့် ယခုဝယ်ယခုတပ်စနစ် ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ဒေးဒရဲမြို့နယ်တွင်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးကာလအတွင်းမဖြစ်မနေအပြင်ထွက်သွားလာရသူများအားနှာခေါင်းစည်း(Mask)တပ်ဆင်သွားလာရန်အသိပညာပေးခြင်းနှင့်ယခုဝယ်ယခုတပ်စနစ်ကိုယနေ့နံနက်၈နာရီခွဲကလူစည်ကားရာလမ်းဆုံနေရာများတွင် တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ညောင်လေးပင်မြို့နယ်အတွင်းရှိ ပြည်သူများအား Stay At Home ကာလအတွင်း စားဝတ်နေရေး အဆင်ပြေ စေရန်အတွက် ဆီတစ်ပိဿာလျှင် (၃၇၅၀)ကျပ်ဖြင့် လှည့်လည်ရောင်းချပေး

ပဲခူတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ညောင်လေးပင်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ပြုလုပ်သော Stay At Home ကာလအတွင်း ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် စားသုံးဆီ လှည့်လည်ရောင်းချခြင်းကို ယမန်နေ့ ည နေ(၄)နာရီအချိန်က ညောင်လေးပင်မြို့၊ မြို့မ(၂)ရပ်ကွက်ရှိ အထက(၁) ကျောင်းရှေ့၌ စတင်ရောင်းချပေးခဲ့သည်။

ဒေါ့ဖုန်းယန်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီထံသို့ ကျန်းမာရေးသုံး ပစ္စည်းများပေးအပ် လှူဒါန်း

ကချင်ပြည်နယ်၊ဗန်းမော်ခရိုင်၊ဒေါ့ဖုန်းယန်မြို့တွင်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးအတွက်ကျန်းမာရေးသုံးပစ္စည်းများပေးအပ်လှူဒါန်းခြင်းကို ယနေ့ နံနက်(၉)နာရီခန့်တွင် အမှတ်(၁) ရပ်ကွက်ခန်း မဆောင်၌ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ရေးမြို့နယ်အတွင်းရှိ ဝါဆို၊ဝါကပ်တော်မူကြသောသံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ပဲများဆပ်ကပ်လှူဒါန်း

မွန်ပြည်နယ် ၊ မော်လမြိုင်ခရိုင် ၊ ရေးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာလအတွင်းကျောင်းတိုက် အသီးသီးတွင် ဝါဆို၊ ဝါကပ်တော်မူကြသော သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ပဲများဆက်ကပ် လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက ရွှေဆံတော်ဘုရား ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to