သရက်ချောင်းမြို့နယ်တွင်ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေး

သရက်ချောင်း           အောက်တိုဘာ  ၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်နှင့် အိမ်ထောင်စု ဦးရေစာရင်း များကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ပန်းချီရှောင်ကျေးရွာရှိ ကျောင်းကြီးဘုန်း တော် ကြီးကျောင်း၌ အခြေပြု၍ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရ သည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင် ့ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမောင်မောင်လွင်နှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်အရ ပန်းချီရှောင်ကျေးရွာသို့ သွားရောက်၍ နိုင်ငံသားစိစစ်ရေးကတ်များပြုလုပ်ပေးခြင်းဖြစ်ကာ မြို့နယ်ဦးစီးအရာရှိက ပန်းခင်းစီမံချက်ဆောင်ရွက်သည့်ရည်ရွယ်ချက်နှင့် နိုင်ငံသား စိစစ်ရေးကတ် ပြုလုပ်ရာတွင်ပါရှိရမည့် အထောက်အထားများ၊ ပျောက်ဆုံး/ပျက်စီးမှုမရှိစေရေး၊ စနစ်တကျ ကိုင်တွယ်အသုံးပြုရမည့် နည်းစနစ်များကို အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေပေး၍ နိုင်ငံသားစိစစ်ရေး ကတ် အသက်(၁၀-နှစ်ပြည့်/၁၈-နှစ်ပြည့်) ပြုလုပ်ပေးခြင်း၊ အသက်(၁၀-နှစ် /၁၈-နှစ်)ပြည့်လဲလှယ်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်ပေးခြင်းတို့အား ဆောင်ရွက် ပေးရာ အသက် (၁၀)နှစ်ပြည့်  နိုင်ငံသား စီစစ်ရေးကတ် ပြား (၁၉)ခု၊ အသက် (၁၈)နှစ်ပြည့် နိုင်ငံသားစီစစ်ရေးကတ်ပြား(၁၈)ခု၊ အသက်(၁၀)နှစ်မှ အသက်(၁၈) နှစ်ပြည့်လဲလှယ်(၂၄)ခု စုစုပေါင်း နိုင်ငံသားစီစစ်ရေးကတ်ပြား(၆၁)ခုနှင့် အိမ်ထောင် စုစာရင်း (၁၉)ခုတို့အား ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်းသိရှိရ သည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်အိမ်ထောင်စုလူဦးရေစာရင်းကို  ရပ်ကွက်/ကျေးရွာများအရောက်ကွင်းဆင်း၍  မေလ ၃ ရက်နေ့မှစတင်ကာ ဆောင်ရွက်ပေး လျက်ရှိရာ မိမိတို့ မွေးဖွားရာ ဇာတိတွင်အမြဲနေထိုင်ကာအိမ်ထောင်စုလူဦး ရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ် မရှိသူများ၊လက်ရှိ ဇာတိတွင် အမြဲနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်း မရှိသူများနှင့်ရွေ့ပြောင်း နေသူများ အနေဖြင့် မူလဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသူများကို ဥပဒေနှင့် အညီ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း  မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှသိရှိရသည်။

ကေခိုင်ဝင်း( သရက်ချောင်း)