ဖျာပုံ အောက်တိုဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေး ကော်မတီမှ ရောဂါကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ဖျာပုံခရိုင်ပြည်သူ့ဆေးရုံ ကြီးတွင် ယနေ့အထိဓာတ်ခွဲအတည်ပြု လူနာစုစုပေါင်း(၉၄၂)ဦး၊ ဆေးကုသမှုခံယူနေသောလူနာ(၈)ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း (၈၃၂) ဦးနှင့် သေဆုံးသူစုစုပေါင်း (၁၀၂)ဦးရှိကြောင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ သိရပါတယ်။ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး ပြန်လည် ကျန်းမာလာသူတစ်ဦး၏ ရင်တွင်းစကားသံကို ယခုလို မေးမြန်းခဲ့ပါတယ်။
မေး- အမည်၊ နေရပ်လိပ်စာနဲ့ အလုပ်အကိုင်လေး မိတ်ဆက်ပေးပါရှင့်။
ဖြေ- ကျွန်တော့်အမည်ကတော့ ဦးစံအောင်ပါ။ အသက်က(၇၀)၊ အမှတ်(၁၄)ရပ်ကွက်၊ ကျောင်းလမ်းမှာ နေပါတယ်။ ကရုဏာရှင်နာရေး ကူညီမှုအသင်း(ဖျာပုံ)ဥက္ကဋ္ဌတစ်ဦးဖြစ်ပြီး လူမှုရေးလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိပါတယ်။
မေး- ကိုဗစ်-၁၉ရောဂါ စတင်ဖြစ်ပွားပုံနဲ့ ဖြစ်ပွားနေစဉ်ခံစားရသော ရောဂါလက္ခဏာများကို ပြောပြပေးစေ ချင်ပါတယ်။
ဖြေ- ကိုဗစ်တတိယလှိုင်းစဖြစ်ခါစ လူနာတစ်ယောက်ကို ဖေးမကူညီရင်း Positive လူနာနဲ့ တိုက်ရိုက်ထိတွေ့ ရာက စဖြစ်တာပါ။ လူနာကိုဆေးရုံပို့၊ မရလို့ အိမ်ပြန်ပို့တဲ့အခါဆုံးသွား ပါတယ်၊ ချက်ချင်းသင်္ဂြိုလ်ပေးရာမှ ၄နာရီ ၅နာရီကြားမှာ ကိုယ်ပူလာတယ်၊ အိမ်မှာ(၁၀)ရက် လောက်ကုသနေတယ်။ မရတော့ဆေးရုံတက်ခဲ့ပါတယ်၊ ဆေးရုံဝန်ထမ်းတွေ ဝိုင်းဝန်းစောင့် ရှောက်ကုသပေးတဲ့အတွက် အသက်ပြန်ရှင်ခွင့်ရတာပါ။ ရောဂါလက္ခဏာ ကတော့ ကိုဗစ်စဖြစ်ခါ စလည်ချောင်းဝမှာ ပူတယ်၊ အသက်ရှူလို့ မရဘူးမောတယ်၊ ရင်ဘတ်ကြီးတစ်ခုလုံး ပူနေတယ်၊ အနံ့မရဘူး၊ အစားအသောက်လုံးဝမစားချင်ဘူး စာချင်စိတ်လည်းမရှိဘူး၊ ခေါင်းကိုက်ခြင်း၊ မောပန်း ခြင်းများကိုလည်း ခံစားရပါ။
မေး- ရောဂါခံစားနေရစဉ်ဆေးဝါးကုသမှု၊ စားသောက်မှုနှင့် ပြုမှုနေထိုင်မှုလေးကို ပြောပြပေး စေချင်ပါတယ်။
ဖြေ- ဆေးရုံးတက်တဲ့အချိန်မှာ ကျန်းမာရေးဝန်ထမ်းတွေရှိတယ်၊ ပရဟိတအဖွဲ့က တက်လာတဲ့ သူဖြစ်တဲ့အ တွက် အောက်ဆီဂျင်ခဏခဏတိုင်းတယ်၊ အောက်ဆီဂျင်အတက်အကျကို အမြဲစစ် ဆေးပေးတယ် အစာလုံးဝ မစားချင်ဘူး၊ အဲ့ဒီရောဂါ ကရေတော်တော်ကြောက်တယ်၊ ရေပက်တိုက်ရင်ပြန်ကျပ်တယ် ရက်(၂၀)ကျော် လောက်ထိ ရေကိုကြောက်နေတယ်၊ ရေမချိုးဘူး၊ ရေပတ်ပဲတိုက်တယ်၊ အိပ်ရေးဝအောင် အိပ်တယ်၊ (၁)လကျော် မှနေပြန်ကောင်းလာပါတယ်၊
မေး- ကိုဗစ်-၁၉ရောဂါဝေဒနာခံစားပြီးသူ(၁)ဦးအနေနဲ့ အခြားသူများကို ဘယ်လိုအမှတ်တရ စကားပြောချင် ပါသလဲ
ဖြေ- ကိုဗစ်-၁၉ရောဂါဖြစ်ခဲ့ရင်၊ ရပ်ကွက်ထဲမှာ အောက်ဆီဂျင်ကို မိမိသဘောနဲ့ အိုးတွေရှာပြီး တတ်ကျွမ်းမှုမရှိပဲ တိုက်ရိုက်အသုံးပြုတာတွေက အသေအပျောက်များတယ်၊ ဒါကြောင့် တတ်ကျွမ်းတဲ့ဆရာ၊ ဆေးရုံဆေးခန်း ဆရာမတွေနဲ့ အောက်ဆီဂျင်ရှူတာကိုလုပ်ဖို့ သင့်ပါတယ်၊ ပြည်သူများအနေနဲ့၊ ကျန်းမာရေနှင့်အားကစားဝန် ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်များကို လိုက်နာကြဖို့ ပြောကြားလိုပါတယ်။
မာမာလွင်(ခရိုင်ပြန်/ဆက်)