ကွမ်းလုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် Oxygen Concentrator များလှူဒါန်း

ကွမ်းလုံ အောက်တိုဘာ ၁

ကွမ်းလုံမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကုသရေးလုပ်ငန်းများအတွက် လိုအပ်လျက်ရှိသော Oxygen Concentratorများကို ကွမ်းလုံမြို့နယ် ကိုးကန့်ယဉ်ကျေးမှုအဖွဲ့မှ ယနေ့နံနက် (၉) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမတွင် ပေးအပ်လှူဒါန်းခဲ့သည်။

ကွမ်းလုံမြို့နယ်၊ ကိုးကန့်ယဉ်ကျေးမှုအဖွဲ့နာယက ဦးဖူကြာမုန်းမှ ကိုဗစ်-၁၉ ရောဂါ ကုသရေး လုပ်ငန်းများအတွက် လိုအပ်လျက် ရှိသော နေရာများတွင်အသုံးပြုရန် (၅) လီတာဆံ့ Oxygen Concentrator အလုံး(၂၀)ကို ဗိုလ်မှူးကြီးမြင့်ဇော်၊ စစ်ဗျူဟာအဖွဲ့ (အခြေချ) ကွမ်းလုံနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့ထံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ ထို့​နောက် စစ်ဗျူဟာ (အခြေချ) ကွမ်းလုံအတွက် Oxygen Concentrator (၂)လုံး၊ ဒတရ(၆၁၃)အတွက် (၁)လုံး၊ ခလရ(၁၂၇)အတွက်(၁)လုံး၊ ခမရ(၃၁၂) အတွက် (၁)လုံး၊ မြို့နယ်ပြည်သူ့ဆေးရုံအတွက် (၁၀)လုံးနှင့် ကန်မိန်းတိုက်နယ်ဆေးရုံအတွက် (၅)လုံးတို့ကို ဗိုလ်မှူးကြီးမြင့်ဇော်၊ စစ်ဗျူဟာမှူး၊ စစ်ဗျူဟာအဖွဲ့(အခြေချ)ကွမ်းလုံမှ ပြန်လည်လွှဲပြောင်း လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ဗိုလ်မှူးကြီးမြင့်ဇော်၊ စစ်ဗျူဟာမှူး၊ စစ်ဗျူဟာအဖွဲ့ (အခြေချ) ကွမ်းလုံနှင့် ဒတရ(၆၁၃)နှင့် ခမရ(၃၁၂)တို့မှ တပ်ရင်းမှူးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့် ကိုးကန့်ယဉ်ကျေးမှုအဖွဲ့ဝင်များ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

ဖြိုးမမ(ကွမ်းလုံ)