နမ့်စန်တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူ ၁၄ ဦးစစ်ဆေးတွေ့ရှိ

နမ့်စန်()   အောက်တိုဘာ   ၁

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် ပြည်သူ့ဆေးရုံတွင်  ယနေ့ နေ့လယ်ပိုင်းအတွင်း  RDT Test kit စစ်ဆေးမှုအရ  အမျိုးသား ၆ ဦး နှင့် အမျိုးသမီး ဦး၊ စုစုပေါင်း ၁ဦးထံတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။ 

နမ့်စန်မြို့နယ် ပြည်သူ့ဆေးရုံသို့ အနံ့ပျောက်၊ ဖျားနာ၊ ချောင်းဆိုး၍ လာရောက် ပြသသူများ အပါအဝင်သံသယလူနာ စုစုပေါင်း၂၁ ဦးကို မြို့နယ်ကိုဗစ်ရောဂါစစ်ဆေးရေး စင်တာ၌  ယနေ့ နံနက် ၉ နာရီမှနေ့လည် ၁၁နာရီခွဲအတွင်း RDT Test Kit ဖြင့်စစ်ဆေးခဲ့ရာ အမှတ်()ရပ်ကွက်မှ  အမျိုးသမီး ၁ ဦး ၊ အမှတ်()ရပ်ကွက်မှ  အမျိုးသမီး ၁ ဦး ၊ အမှတ်(၃)ရပ်ကွက် မှ အမျိုးသား ဦး ၊ အမျိုးသမီး ဦး ၊ အမှတ်(၄)ရပ်ကွက် မှ အမျိုးသား ၁ ဦး ၊ အမျိုးသမီး ၃ ဦး ၊ အမှတ်(၅)ရပ်ကွက်မှ အမျိုးသား ၂ ဦး ၊ အမျိုးသမီး ၂ ဦး ၊ အမှတ်()ကျေးရွာအုပ်စု ၊ အမှတ်(၅)ကျေးရွာမှ အမျိုးသား ဦး ၊ စုစုပေါင်း  ဦးထံတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေး တွေ့ရှိခဲ့ကြောင်း သိရသည်။

မြို့နယ်မှ တာဝန်ရှိသူများက အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သူ ၁ဦး ကို ပြည်သူ့ဆေးရုံရှိ သံဃာဆောင်၊ ၄ထပ်ဆောင်နှင့် ကောင်းမြတ်ကိုယ်ပိုင် အထက်တန်း ကျောင်း တို့တွင် ထားရှိ ကုသပေးသွားမည်ဖြစ်ပြီး ၎င်းတို့နေအိမ်ရှိ အတူနေမိသားစုဝင်များ ၊ ထိတွေ့မှု ရှိခဲ့သူများကို ၁၄ရက် အသွား အလာ ကန့်သတ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

နမ့်စန်မြို့တွင် အောက်တိုဘာလ ၁ ရက်နေ့၌ ကျန်းမာရေးကောင်းမွန်၍ ၁ဦး ဆေးရုံဆင်းခဲ့ပြီး ယနေ့ နေ့လည်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း ၁၁၄၉ ဦး ရှိပြီဖြစ်ကာ ကျန်းမာရေး ကောင်းမွန်၍ ဆေးရုံမှဆင်းခွင့်ပြုသူ ၉၇၉ ဦး နှင့် ဆေးရုံတွင်သေဆုံးသူ ၁၇ ဦးအပါအဝင် စုစုပေါင်း သေဆုံးသူ ၄ ဦး ရှိပြီ ဖြစ်ကြောင်းမြို့နယ်ပြည်သူ့ဆေးရုံမှ သိရသည်။

မြို့နယ် ပြန်/ဆက်