ဟိုင်းကြီးကျွန်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျော့နည်းစေရေး ပြည်သူများဆောင်ရွက်ရမည့် စည်းကမ်းချက်များအား မြန်မာဘာသာ၊ ရခိုင်ဘာသာဖြင့် ၂မျိုးဖြင့် အသိပေးနှိုးဆော်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများ သိရှိလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက် များအား မြန်မာဘာသာနှင့် ရခိုင်ဘာသာ ၂မျိုးကို Hand Speaker ဖြင့်လှည့်လည် အသိပေး နှိုးဆော်ခြင်းကို ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ ၊မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန နှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ အမှတ်(၃)ရပ်ကွက်ဈေးများ နှင့် လမ်းဆုံလမ်းခွနေရာများသို့ သွားရောက်၍အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။