ဟိုပန် အောက်တိုဘာ ၃
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူ များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက်၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းစုရပ်တွင် ဟိုပန်မြို့ပေါ်(၁၀)ရပ်ကွက်နှင့် အနီးဝန်းကျင် ကျေးရွာများမှ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်းထိုက်က အနီးကပ်ကြီးကြပ်၍ ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ပညာရေး ဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာနဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များက ကာကွယ်ဆေး ထိုးခြင်း လုပ်ငန်းတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည်။
အောက်တိုဘာလ(၁)ရက်နေ့ထိ ဟိုပန်မြို့ပေါ်(၁၀)ရပ်ကွက်နှင့် အနီးဝန်းကျင်ကျေးရွာများ၊ ပန်လုံမြို့ပေါ်နှင့် ကျေးရွာအုပ်စုများ၊ ပန်ကောက်ကျေးရွာအုပ်စုတို့မှ အသက်(၁၈)နှစ် နှင့်အထက် ကျား(၁၁၉၃)ဦး၊ မ(၁၃၁၇)ဦး၊ စုစုပေါင်း(၂၅၁၀)ဦးအား ထိုးနှံပေးခဲ့ပြီး ကျန်ရှိသူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ထံမှ သိရသည်။
ခရိုင်ပြန်/ဆက်