မိုင်းလုံ အောက်တိုဘာ ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကိုဗစ်၁၉-ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေး လုပ်ငန်း များတွင် အသုံးပြုရန် ယမန်နေ့က ဖြူစင်မေတ္တာပရဟိတအသင်းထံ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံး ပစ္စည်းများနှင့် အလှူငွေများ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် ကိုနက်နက် မိသားစုကားဂိတ် (မိုးကုတ်မြို့)မှ PPEဝတ်စုံ (၃၀)စုံ၊ ရာဘာလက်အိတ် အစုံ(၅၀)ပါ လက်အိတ်(၁)ဘူး ကျပ်(၇၆၂၀၀၀/-)နှင့် စိုင်းကျော်လင်းအောင် မိုင်းလုံမြို့ (မြို့ဟောင်းကျေးရွာ)မှ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူငွေကျပ်(၅၀၀၀၀/-) စုစုပေါင်း (၈၁၂၀၀၀/-)ကျပ် တန်ဖိုးရှိပစ္စည်းများကို “ဖြူစင်မေတ္တာပရဟိတ” အသင်းထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့နောက် ဖြူစင်မေတ္တာပရဟိတအသင်း အတွင်းရေးမှူးမှ အလှူရှင်များအား မိုင်းလုံမြို့ ကိုယ်စား ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
ဇော်ဇော်(ပြန်/ဆက်)