ကော့သောင်း၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက် လျက်ရှိသည့် ကော့သောင်းမြို့ ရွှေအဏ္ဏဝါ လူငယ်ပရဟိတ အဖွဲ့နှင့် တွေ့ဆုံမေးမြန်းခြင်း

ကော့သောင်း၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက် လျက်ရှိသည့် ကော့သောင်းမြို့ ရွှေအဏ္ဏဝါ လူငယ်ပရဟိတ အဖွဲ့နှင့် တွေ့ဆုံမေးမြန်းခြင်း ကော့သောင်း အောက်တိုဘာ ၃ ကျော်စိုး(ကော့သောင်း)

စုကလိမြို့တွင် ကိုဗစ်-၁၉ရောဂါ ပြန့်ပွားမှုမရှိစေရေး စကောကရင်၊ မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေး နှိုးဆော်

ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့တွင် ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုမရှိစေရေး စကောကရင်၊ မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းကို ယနေ့နံနက် ၁၀ နာရီအချိန်ကစတင်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်ဆောင်ရွက်ခဲ့သည်။

ကျောက်ဖြူမြို့ရှိ  ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှုဆောင်ရွက်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ်ထိန်း ချုပ်နိုင်ရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက် ၉ နာရီက မြို့ပေါ်ရပ်ကွက်များရှိ လူသွားလူလာများသည့်နေရာများနှင့် လမ်းဆုံ၊ လမ်းခွနေရာများ သို့သွားရောက်၍ နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ခင်ဦးမြို့၌ ပန်းခင်းစီမံချက် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် Sticker Campaign ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူးနှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများ အခမဲ့ဆောင်ရွက်နေမှုကို ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ယနေ့တွင် ခရီးသွားမော်တော်ယာဉ်များ၊ ဆိုင်ကယ်များ၊ လမ်းသွား၊ လမ်းလာပြည်သူများကို အသိပညာပေး လက်ကမ်း စာစောင်ဖြန့်ဝေခြင်းနှင့် Sticker Campaign များ ဆောင်ရွက်ခဲ့သည်။

ရမ်းဗြဲ၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး Mask များ အခမဲ့ဖြန့်ဝေပေးနှင့် အသိပညာပေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ပေါ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုများ မဖြစ်ပေါ်စေရေးနှင့် ကြိုတင်တားဆီး ကာကွယ်နိုင်ရန်အတွက် ပါးစပ်နှင့်နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခြင်နှင့် အသိပညာပေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆက်လက် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီအချိန်က မြို့ပေါ် ရပ်ကွက်များသို့ သွားရောက်ပြီး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မိုးရာသီရေတိုက်စားခြင်းခံရသည့်အရှိန်ကြောင့် တောင်ကုတ်မြို့၌ချောင်းဘေးနေအိမ်အချို့ နောက်ဖက်ခန်းများ ချောင်းအတွင်းပြိုကျ

တောင်ကုတ်မြို့၊ဂူတာရပ်ကွက်၊ဦးဥတ္တမလမ်းဘေးဖက် တောင်ကုတ်ချောင်း ကမ်းပါးဖက်ခြမ်းတွင် တည်ဆောက်ထားသော နေအိမ်အချို့မှာ မိုးရာသီရေတိုက်စားခြင်းခံရသည့်အရှိန်ကြောင့် ကမ်းထိန်း နံရံပြိုပျက်ကာ နေအိမ်အချို့၏ တစ်စိတ်တစ်ပိုင်းမှာ ယနေ့ နံနက်(၁)နာရီ အချိန်တွင် ချောင်း အတွင်းပြိုကျခဲ့ကြောင်းသိရသည်။

မုဒုံမြို့၌ အောက်ဆီဂျင်စက်နှင့်ဆက်စပ်ပစ္စည်းများ တပ်ဆင်ပြီးစီး၍ အောက်ဆီဂျင် အရည်များ အခမဲ့ဖြည့်သွင်းနိုင်

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်၌ ဆရာတော်သံဃာတော်ကြီးများ၊ ဒေသခံ ပြည်သူများနှင့် အနယ်နယ်အရပ်ရပ်မှ လုပ်ငန်းရှင်များ၊ စေတနာရှင် အလှူရှင်များ စုပေါင်းလှူဒါန်းငွေဖြင့် ဝယ်ယူထားသည့် အောက်ဆီဂျင်စက်နှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်ပြီးစီး၍ အောက်ဆီဂျင်အရည်များကို အခမဲ့ဖြည့်သွင်းနိုင်ပြီး  ဖြစ်ကြောင်း သိရသည်။

ဝါးခယ်မမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ပြည်သူ့ဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မှမြို့နယ် ဦးစီးမှူးဦးကျော်စိုး၏ ဦးဆောင်မှုဖြင့်ဝန်ထမ်းများက အဖွဲ့များခွဲ၍ ကွင်းဆင်းဆောင်ရွက်ပေး လျက်ရှိရာ ယမန်နေ့က တရုတ်တန်းရပ်ကွက်နှင့် တုံးလှဲချောင်းကျေးရွာတို့တွင် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကော့မှူး၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူ တစ်ဦး၏ ရင်တွင်းစကားသံ

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ ဦးဆောင်၍ ဌာနဆိုင်ရာများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိပြီး ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည် ကျန်းမာလာသူ တစ်ဦး၏ ရင်တွင်းစကားသံအချို့ကို ဖော်ပြလိုက်ရပါသည်။

မယ်စဲ့မြို့နယ်တွင် အခြေခံအိမ်ထောင်စုများအား စားသောက်ကုန်များ ထောက်ပံ့လှူဒါန်း

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြ်ု့နယ်တွင် ဦးစိုင်းမိုးလွင်၊ ဒေါ်နန်းအိအိလှိုင် မိသားစုမှ မွေးနေ့အထိမ်းအမှတ်အဖြစ် မြောက်ပိုင်းရပ်ကွက်နှင့် တောင်ပိုင်းရပ်ကွက်ရှိ အခြေခံအိမ်ထောင်စုများအား ကိုဗစ်ကာလအတွင်း စားသောက်ရေး အဆင်ပြေစေရန် အတွက် အခြေခံစားသောက်ကုန်များကို ယနေ့နံနက်က ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
Subscribe to