ဝါးခယ်မ အောက်တိုဘာ ၃
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ပြည်သူ့ဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မှမြို့နယ် ဦးစီးမှူးဦးကျော်စိုး၏ ဦးဆောင်မှုဖြင့်ဝန်ထမ်းများက အဖွဲ့များခွဲ၍ ကွင်းဆင်းဆောင်ရွက်ပေး လျက်ရှိရာ ယမန်နေ့က တရုတ်တန်းရပ်ကွက်နှင့် တုံးလှဲချောင်းကျေးရွာတို့တွင် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများက တရုတ်တန်းရပ်ကွက်နေပြည်သူများအားနိုင်ငံသားစိစစ်ရေးကတ် အသက် (၁၀)နှစ်ပြည့်(၅)ကတ်၊ အသက် (၁၈)နှစ်ပြည့်(၁၂)ကတ်၊ လဲလှယ်(၁)ကတ်၊ မိတ္တူ(၂)ကတ်၊ စုစုပေါင်း(၂၀) ကတ်နှင့်တုံးလှဲချောင်းကျေးရွာ နေပြည်သူများအားနိုင်ငံသားစိစစ်ရေးကတ် အသက်(၁၀)နှစ်ပြည့်(၁၇)ကတ်၊ အသက်(၁၈) နှစ်ပြည့် (၃၉) ကတ်၊ စုစုပေါင်း(၅၆) ကတ်နှင့်ရွှေပြောင်း အိမ်ထောင်စုဦးရေစာရင်း (၃)ခု ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ပန်းခင်းစီမံချက်ဖြင့် ဝါးခယ်မမြို့နယ်အတွင်းအိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းများကို ၂၀၂၁ခုနှစ်၊ မေလ (၃)ရက်နေ့မှ စတင်ကာ ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ (၃)ရက် နေ့အထိ (၁၈) လကြာဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကျန်ရှိနေသောဌာနဆိုင်ရာ၊ ရပ်ကွက်နှင့်ကျေးရွာ အုပ်စုများအားဆက်လက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စောသန္တာဦး(ပြန်/ဆက်)