မယ်စဲ့ အောက်တိုဘာ ၃
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြ်ု့နယ်တွင် ဦးစိုင်းမိုးလွင်၊ ဒေါ်နန်းအိအိလှိုင် မိသားစုမှ မွေးနေ့အထိမ်းအမှတ်အဖြစ် မြောက်ပိုင်းရပ်ကွက်နှင့် တောင်ပိုင်းရပ်ကွက်ရှိ အခြေခံအိမ်ထောင်စုများအား ကိုဗစ်ကာလအတွင်း စားသောက်ရေး အဆင်ပြေစေရန် အတွက် အခြေခံစားသောက်ကုန်များကို ယနေ့နံနက်က ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့လှူဒါန်းရာတွင် မယ်စဲ့မြို့ မြောက်ပိုင်းရပ်ကွက်နေ ဦးစိုင်းမိုးလွင်နှင့် သား စိုင်းထက်ကောင်းလွင်၊ စိုင်းကျော်ကောင်းလွင်၊ လွိုင်ကော်မြို့နေ ဒေါ်နန်းသင်းသင်းလှိုင်နှင့် သား စိုင်းမင်းသန့်ဇင်တို့၏ မွေးနေ့အထိမ်းအမှတ်အဖြစ် မယ်စဲ့မြို့ပေါ် ရပ်ကွက်(၂) ရပ်ကွက်မှ အခြေခံလူတန်းစား အိမ်ထောင်စု ၁၄၄ စုအတွက် အိမ်ထောင်စုတစ်စုလျှင် ဆန် ၅ ဗူး၊ အာလူး ၅၀ ကျပ်သား၊ ကြက်သွန်နီ ၅၀ ကျပ်သား၊ ဆီ ၅၀ ကျပ်သား၊ ကြက်ဥ ၁၀ လုံး၊ ဆား ၅၀ ကျပ်သားနှင့် ဆေးပစ္စည်း၊ စုစုပေါင်း ငွေကျပ် ၁၀၇၃၀၀၀ တန်ဖိုးရှိ စားသောက်ကုန်များအား အခြေခံလူတန်းစားများ လက်ဝယ်သို့ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)