မြဝတီမြို့၌ ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက်  မြန်မာနှင့်စကောကရင်နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် မြန်မာဘာသာ၊ စကောကရင်ဘာသာတို့ဖြင့် ယနေ့နံနက်(၈)နာရီအချိန်က မြို့ပေါ်ရပ်ကွက် များနှင့် လမ်းဆုံလမ်းခွများတွင် အသိပညာပေး နှိုးဆော်ဆောင်ရွက်ခဲ့သည်။

တန့်ယန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ကွင်းဆင်း၍ ဆက်လက် ထိုးနှံပေးနေ

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm အား အသက် ၁၈ နှစ် အထက်နှင့် ကာကွယ်ဆေးထိုး အုပ်စုများအလိုက် ပထမအကြိမ်အဖြစ် ထိုးနှံပေးနေရာ ယနေ့ နံနက် ၉ နာရီမှ စတင်၍ အမှတ်(၂)ရပ်ကွက်နှင့် နမ့်ဟူးလွယ်ကာ ကျေးရွာအုပ်စုတို့၌ ထိုးနှံပေးလျက်ရှိသည်။

မြဝတီမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး စတုတ္ထအသုတ် ပထမအကြိမ်ထိုးနှံနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံထားခြင်းမရှိသည့် အသက် ၁၈ နှစ်အထက်ရှိသူများအား စတုတ္ထအသုတ် ပထမအကြိမ်ကာကွယ်ဆေး ထိုးနှံနိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၃ နာရီခွဲအချိန်ခန့်က မြဝတီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ပွင့်ဖြူမြို့နယ်တွင် ကြီးအုံကြီးဝတမံ ရေပိုလွှဲမှ ရေကျော်ကျမှု တစ်ဖြည်းဖြည်း လျော့နည်းကျဆင်းလာ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့် ကြီးအုံကြီးဝတမံတွင် မိုးရေဝင်ရောက်မှုများ တိုးလာပြီး တမံရေပိုလွှဲမှ(၈)ပေကျော်အထိ ရေကျော်ကျမှုရှိခဲ့ရာမှ ယနေ့ မွန်းတည့် ၁၂ နာရီအချိန် တိုင်းထွာရာတွင် တမံရေပိုလွှဲမှ (၄ ဒသမ ၅)ပေခန့်သာ ရေကျော်ကျမှုရှိသဖြင့် တမံရေပိုလွှဲမှ ရေကျော်ကျမှု တစ်ဖြည်းဖြည်း လျော့နည်းကျဆင်း လာပြီဖြစ်ကြောင်း အဆိုပါ ကြီးအုံကြီးဝ တမံမှ တာဝန်ခံ(AE) ဦးစိုးတင့် ထံက သိရသည်။

ချောက်မြို့နယ်အတွင်း အသက်(၁၂‌‌)နှစ်ပြည့်ပြီးသော အခြေခံပညာအလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ 

‌မကွေးတိုင်း‌ဒေသကြီး‌၊ မကွေးခရိုင်၊ ချောက်မြို့နယ်အတွင်း အသက်(၁၂‌‌)နှစ်ပြည့်ပြီးသော အခြေခံ ပညာအလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်း အချိန်က ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ကျောက်တံခါးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရပြီး ပြန်လည်ကျန်းမာလာသူများ၏ ရင်တွင်းစကားသံ

 ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ပြည်သူများအကြား ကူးစက်ပျံ့နှံ့ လျက်ရှိသော ကိုဗစ်-၁၉ရောဂါကို ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်ကာကွယ်ဆေးများ ကို ရပ်ကွက်/ကျေးရွာများတွင် ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံထားခြင်းမရှိပဲ ကိုဗစ်-၁၉ ကူးစက်ခံရပြီး ပြန်လည်ကောင်းမွန်လာသူများ၏ ရင်တွင်းစကားသံများကို ယခုလိုဘဲ ဖော်ပြပေးလိုက်ရပါသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ” ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကွင်းဆင်းဆောင်ရွက်ပေး

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန် ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့ ” ဆိုသည့် ဆောင်ပုဒ်ဖြင့် ပန်းခင်းစီမံချက်အရ နိုင်ငံအတွင်းမှီတင်းနေထိုင်ကြသော အသက်(၁၀)နှစ်ပြည့်ပြီး နိုင်ငံသားအရည်အချင်းပြည့်မီသူတိုင်း နိုင်ငံသားစိစစ်ရေးကတ် ရရှိရေးနှင့် အိမ်ထောင်စု စာရင်းရရှိရေး အတွက် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ မြို့နယ်လ.ဝ.ကဦးစီမှူးဦးရဲထွန်းနှင့် ဝန်ထမ်းများက ကြီးပွားရေး ရပ်ကွက်၊ နှစ်ကျိတ်ရှစ်ဆူဓမ္မာရုံတွင် အောက်တိုဘာ ၁ ရက်နေ့မှ ယနေ့ထိကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်ပြည့်သူ့ဆေးရုံတွင် အောက်ဆီဂျင်ထုတ်စက်ရုံ ဖွင့်ပွဲကျင်းပ

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့၊ ပြည်သူ့ဆေးရုံတွင် ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မတည်ကာ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအတွင်းမှ အလှူရှင်များနှင့် ရပ်နီးရပ်ဝေးမှ အလှူရှင်များ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့တို့၏ ကူညီလှူဒါန်းမှုဖြင့် တည်ဆောက်သော အောက်ဆီဂျင်ထုတ်စက်ရုံကို ယမန်နေ့ နံနက်ပိုင်းအချိန်က ဖွင့်လှစ်ခဲ့သည်။

ဟင်္သာတမြို့နယ်နေ ပြည်သူများအား “ပန်းခင်း” စီမံချက် ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းပြုလုပ်ပေးလျက်ရှိ

 ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၌ ပြည်သူများအား “ပန်းခင်း” စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပြုလုပ်ပေးခြင်းကို ယနေ့ နံနက် ၈ က ဟင်္သာတမြို့ ကုန်းကြီး အုပ်စု အလက ( ရွာသာကုန်း)ကျောင်းတွင်  မြို့နယ် ဦးစီးမှူးရုံးမှ ဆက်လက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

ဂန့်ဂေါမြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွား(၆၇၀)ဦးတို့အား လူမှုရေးပင်စင် ထောက်ပံ့

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသည့် အဘိုး၊ အဘွားများအား ယနေ့နံနက် ၉ နာရီက လူမှုရေးပင်စင်ကို ဘိုးဘွားများ၏ နေအိမ်သို့သွား၍ လက်ဝယ် အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
Subscribe to