မုဒုံ အောက်တိုဘာ ၄
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့်၂၀၂၁-၂၀၂၂ ဘဏ္ဍနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP)စီမံကိန်း အကောင် အထည်ဖော်ဆောင်ရွက်ရန်အတွက် စီမံကိန်းကျေးရွာများ ရွေးချယ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါရုံး၌ ကျင်းပသည်။
အခမ်းအနားတွင် မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင့်ဇော် က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးဗညား က ၂၀၁၇ -၂၀၁၈ ဘဏ္ဍရေးနှစ်မှ ၂၀၂၀ -၂၀၂၁ ဘဏ္ဍရေးနှစ်အထိ မြို့နယ်အတွင်း ကျေးရွာပေါင်း ၄၁ ရွာများတွင် စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှု အခြေအနေများ စီမံကိန်း ရွေးချယ်ရမည့် စံသတ်မှတ်ချက်များ ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် သက်ဆိုင်ရာတာဝန်ရှိသူများက မြို့နယ်အတွင်းကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်းဆောင်ရွက်ရန် ကျေးရွာ ၄ ရွာနှင့် အရန်ကျေးရွာ ၂ ရွာ စုစုပေါင်းကျေးရွာ ၆ ရွာတို့အား အတည်ပြုပေးခဲ့ကြကြောင်း သိရသည်။
အောင်မျိုးသူ