ဂွမြို့နယ်တွင် သတ်မှတ်ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ

ဂွ  အောက်တိုဘာ  

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် စုရပ်()ခု၌     ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် ရောဂါပိုးကူးစက်ပြန့်ပွားမှု လျော့နည်းစေရန်ရည်ရွယ်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို စက်တင်ဘာလ၂၀ ရက်နေ့မှ အောက်တိုဘာလ ၃ ရက်နေ့အထိ ကာကွယ်ဆေးလာရောက်ထိုးနှံပြီးသူပေါင်း (၇၄၇၉)ဦးရှိကြောင်း သိရသည်။

ဂွမြို့နယ်အတွင်းရှိ သံဃာတော်များ၊ အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများ၊ အသက်(၅၅)နှစ်အထက်နှင့် အသက်(၄၅)နှစ်အထက်ပြည်သူများ၊ နိုင်ငံဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများ၊ ပရဟိတအဖွဲ့များ၊ မသန်စွမ်းများ၊ နာတာရှည်များ၊ NGOများ၊ အလုပ်ရုံဝန်ထမ်းများ၊ သယ်ယူပို့ဆောင်ရေးဝန်ထမ်းများ၊ ဈေးသူ/သားများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို သတ်မှတ်ဦးတည်အုပ်စုများအဖြစ် ဦးစားပေးအစီအစဉ်ဖြင့် ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးမထိုးရသေးသည့် မိဘပြည်သူများကို ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက ကာကွယ်ဆေးထိုးရန် စုရပ်ဖြစ်သည့် ဂွမြို့သာသနာ့ဗိမ္မာန်နှင့် ကျိန္တလီထွေ/အုပ်ခန်းမတို့တွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထို့သို့ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများ က ကာကွယ်ဆေးလာရောက်ထိုးနှံ သူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးတွင်းအောက်ဆီဂျင် ပါဝင်မှုပမာဏ တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှ ဝန်ထမ်းများနှင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ မီသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်