မိုင်းလုံမြို့တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ထိုးနှံပေး

မိုင်းလုံ အောက်တိုဘာ ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် အသက်(၁၈)အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ဆက်လက်ထိုးနှံပေးခြင်း လုပ်ငန်းကို ယနေ့နံနက် () နာရီက နမ့်ပိန်ရပ်ကွက် ရှမ်းစာပေနှင့် ယဉ်ကျေးမှုခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံရာတွင် မိုင်းလုံတိုက်နယ်  ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက အသက်(၁၈)နှစ် နှင့် အထက်ပြည်များနှင့် အ‌ကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိ‌နေသောဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများ၊ ပရဟိတ အဖွဲ့ဝင်များ၊ ဈေးသည်များ၊ ပို့ဆောင်ရေး အဖွဲ့အစည်းများနှင့် ပုဂ္ဂလိက ဝန်ထမ်းများကို ထိုးနှံပေးခြင်းဖြစ်ရာ  ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိုင်းလုံ လူငယ်ပရဟိတအသင်းတို့ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့သည်။

ကာကွယ်ဆေးထိုးနှံရာတွင် လူစုလူဝေးမဖြစ်စေရန် ဦးစား‌ပေးအလိုက် စီစဉ်ဆောင်ရွက်ထားရှိပြီး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

ဇော်ဇော်(ပြန်/ဆက်)