နတ်မောက် အောက်တိုဘာ ၅
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် ရွာမွန်ကျေးရွာအုပ်စု မျက်ရဲကန် ကျေးရွာတွင် ဝါမျိုးစေ့ထုတ်စိုက်ခင်း (၂၅)ဧကစိုက်ပျိုးထားကြောင်း သိရသည်။
နတ်မောက်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနနှင့် တောင်သူများ ပူးပေါင်း၍ အထွက်ကောင်းပြီး အလားအလာရှိသော ငွေချည်(၁၁)မျိုး (၂၅)ဧက စိုက်ခင်းအား တောင်သူ(၁၅)ဦးဖြင့် ဆောင်ရွက်ခဲ့ရာ တစ်ဧကလျှင် ဝါမျိုးစေ့ပိဿာ (၂၄) ပိဿာထွက်ရှိအောင် ဆောင်ရွက်မည် ဖြစ်သည်။
ထိုသို့မျိုးစေ့ထုတ်စိုက်ခင်းများ စိုက်ပျိုးခြင်းဖြင့် (၂၅)ဧကမှ ပိဿာ(၆၀၀)ထုတ်လုပ်၍ နောင်နှစ်မိုးရာသီတွင် ဝါစိုက်ပျိုးဧက(၂၀၀၀)အတွက် ပြန်လည်ထုတ်လုပ် ဖြန့်ဖြူးသွားမည် ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုထံမှ သိရသည်။
သင်းသင်းမြတ်