ထားဝယ်မြို့တွင်ကိုဗစ်-၁၉ရောဂါကူးစက်မှုထိန်းချုပ်ကာကွယ်နိုင်ရေးအသိပညာပေး နှိုးဆော်ချက်များ အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးလျက်ရှိ

 

ထားဝယ်      အောက်တိုဘာ ၅

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်ရုံးမှဝန်ထမ်းများ က ကိုဗစ်-၁၉ ရောဂါကူးစက်မှုထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် ပူးပေါင်းပါဝင်နိုင်ရန် ဗမာ-ထားဝယ်အသံသွင်းထားသည့်ကိုဗစ်-၁၉ရောဂါအသိပညာပေး နှိုးဆော်ခြင်းများကို ယနေ့နံနက်ပိုင်းတွင်လူစည်ကား သောနေရာများ၌ Hand speakerဖြင့် လှည့်လည် နှိုးဆော်ပေးခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက လူစည်ကားရာနေရာများဖြစ်သော ကားဂိတ်နှင့် နေအိမ်များရှိလမ်းများတွင်အများပြည်သူအား ကိုဗစ်-၁၉ရောဂါအသိပညာပေး လုပ်ငန်း များကိုအရှိန်အဟုန်မြှင့်၍နိူးဆော် ဆောင် ရွက် ပေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင်ထားဝယ်မြို့အတွင်းရှိ ပြည်သူများအနေဖြင့်လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန်မိမိနေအိမ်တွင်း၌သာ နေထိုင်ကြရန်၊ မဖြစ်မနေ အရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်း စည်း Mask ကို စနစ်တကျ တပ်ဆင်ရန်၊ လူစုလူဝေး ပြုလုပ်ခြင်း၊ သွားလာခြင်းကိုရှောင်ကြပါ၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် အနည်း ဆုံး စက္ကန့် ၂၀ ကြာအောင် စနစ်တကျလက် ဆေးပါ၊ လက်ကိုမကြာခဏ ဆေးကြောကြပါ၊ လေဝင် လေထွက်မကောင်းသော အခန်းများကိုရှောင်၍မိမိတို့နေအိမ်များကို ပြူတင်းတံခါးများဖွင့်ပြီး လေဝင်လေထွက်ရှိအောင်လုပ်ကြပါရန်၊ ပါးစပ်နှင့်နှာခေါင်းစည်း Mask များကိုစနစ်တကျ စွန့်ပစ်ရန်၊ ကိုဗစ်-၁၉ ရောဂါသံသယ လက္ခဏာများပေါ်ပေါက်လာပါက နီးပ်ရာကျန်းမာရေးဌာနသို့ချက်ချင်း အကြောင်း ကြား၍ ဆေးကုသမှုခံယူပါရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးလုပ်ငန်းများကို မိဘပြည်သူ များအားလုံးက ကိုယ်စီလိုက်နာကြပြီးပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန်  Hand speakerများဖြင့် လိုက်လံနှိုးဆော်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)