ကံမ အောက်တိုဘာ ၅
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး အတွက် ရပ်ကွက်၊ ကျေးရွာများသို့ ကွင်းဆင်း ဆောင်ရွက်ပေး လျက်ရှိရာ ယမန်နေ့ နေ့လည်က ပဇင်းနိမ့် ကျေးရွာအုပ်စုသို့ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးတင်အောင်ဝင်းနှင့် ဝန်ထမ်းများက ပဇင်းနိမ့်ကျေးရွာအုပ်စု အတွင်းရှိ ပြည်သူများအား နိုင်ငံသား စိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်း၊ လဲလှယ်ပေးခြင်းနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများ စိစစ်လဲလှယ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းတို့ကို ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)