လယ်ဝေး အောက်တိုဘာ ၁၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်အတွင်းရှိ အသက်(၁၂)အထက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမည့် ကျောင်းသားကျောင်းသူ များအား မိဘအုပ်ထိန်းသူ သဘောတူခွင့်ပြုချက်ရယူနိုင်ရေးအတွက် မိဘပြည်သူများသိရှိ နိုင်စေရန်ရည်ရွယ်၍ အသံချဲ့စက်ဖြင့် ကြိုတင်အသိပေးနှိုးဆော်ခြင်းနှင့် လက်ကမ်း စာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ရပ်ကွက်၊ကျေးရွာနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးစုရပ်များတွင် ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှဝန်ထမ်းများ၊ နေပြည်တော် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနနှင့် နေပြည်တော် လူမှုဝန်ထမ်းဦးစီးဌာနမှဝန်ထမ်းများက ကာကွယ်ဆေးလာရောက်ထိုးနှံသည့် ကျောင်းသား ကျောင်းသူများ၊ ကျောင်းသားမိဘများအား ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော် ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံကြပါစို့၊ ကျောင်းနေအရွယ် ကလေးများအား ကာကွယ်ဆေးထိုးနှံပေးလျက်ရှိသည့် ဒေသတွင်းနိုင်ငံများ၊ ကာကွယ်ဆေး မထိုးနှံပေးရမည့် ကျောင်းသားကျောင်းသူများ၊ ကိုဗစ်-၁၉ ကာကွယ်ဆေး၏နောက်ဆက်တွဲ ပြဿနာများ စသည့်အကြောင်းအရာများပါဝင်သော လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် အသက်(၁၂)အထက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမည့် ကျောင်းသားကျောင်းသူ များအား မိဘအုပ်ထိန်းသူ သဘောတူခွင့်ပြုချက် ရယူနိုင်ရေး ကြိုတင်အသိပေးလိုသည့် အချက်များကို ပြည်သူများသိရှိစေရန်အတွက် အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
နေဇော်ချစ်(ပြန်/ဆက်)