လယ်ဝေး အောက်တိုဘာ ၁၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်အတွင်းရှိ အခြေခံပညာ အလယ်တန်း၊ အထက်တန်းတို့တွင်ပညာသင်ယူလျှက်ရှိသော အသက်(၁၂)နှစ်အထက် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုမှကြိုတင်ကာကွယ်နိုင်ရန်အတွက် ယနေ့ နံနက်(၉)နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကိုဗစ်-၁၉ ကာကွယ် ဆေးများကို ပထမအကြိမ် တတိယနေ့အဖြစ် ဆက်လက်ထိုးနှံပေးလျှက်ရှိသည်။
ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံသည့် အသက်(၁၂)နှစ် အထက် ကျောင်းသားကျောင်းသူများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဌာန၊ ပညာရေးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် လူမှုရေးအသင်းအဖွဲ့များက ကာကွယ်ဆေးမထိုးမီ ကျောင်းသား ကျောင်းသူများ၏ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်ရယူခြင်း၊ စာရင်းရေးသွင်းခြင်း၊ အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် သွေးတွင်းအောက်ဆီဂျင်တိုင်း တာခြင်းများပြုလုပ်ပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးသည်။
ထို့နောက် ကာကွယ် ဆေးထိုးနှံပြီးသူ ကျောင်းသားကျောင်းသူများအား မိနစ်(၃၀)ခန့် အနားယူစေပြီး ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျှက်ရှိသည်။ လယ်ဝေးမြို့နယ်တွင် အသက်(၁၂)နှစ် အထက် ကျောင်းသားကျောင်းသူများအား ပထမနေ့တွင် (၁၀၀)ဦး၊ ဒုတိယနေ့တွင်(၁၀၀)ဦးနှင့် တတိယနေ့တွင်(၁၀၀)ဦး စုစုပေါင်း(၃၀၀)ဦး ထိုးနှံပေးပြီး ဖြစ်သည်။
လယ်ဝေးမြို့နယ်အနေဖြင့် အခြေခံပညာကျောင်းပေါင်း(၁၂၀)၊ ကိုယ်ပိုင်ကျောင်း(၁၂) ကျောင်း နှင့် ဘုန်းတော်ကြီးစာသင်ကျောင်း(၅)ကျောင်း စုစုပေါင်း(၁၃၇)ကျောင်းတို့က အသက် (၁၂)နှစ်အထက် ကျောင်းသားကျောင်းသူပေါင်း(၁၉၆၂၃)ဦးအား ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နေဇော်ချစ်(ပြန်/ဆက်)