မြဝတီ အောက်တိုဘာ ၁၄
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိ သော အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံနိုင်ရန် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့်ပတ်သက်၍ မြို့နယ်ပညာရေးမှူး ဦးမြင့်ဦး ကို အခုလိုပဲ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
မေး။ ။ဆရာကြီးခင်ဗျာ၊ဆရာကြီးအမည်နှင့်တာဝန်ထမ်းဆောင်တဲ့ရာထူးသိပါရစေဗျာ။
ဖြေ။ ။ကျွန်တော်နာမည်က ဦးမြင့်ဦးဖြစ်ပါတယ်။ မြို့နယ်ပညာရေးမှူးရာထူးနဲ့ မြဝတီမြို့နယ်မှာ ၂၀၂၀ ခုနှစ်၊ဖေဖော်ဝါရီလ တည်းက စတင်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
မေး။ ။ဆရာကြီးခင်ဗျာ မြဝတီမြို့နယ်အတွင်းမှာရှိတဲ့ အခြေခံပညာအလယ်တန်း/ အထက်တန်း ကျောင်း သား/ကျောင်းသူတွေကို နိုင်ငံတော်အစီအစဉ်နဲ့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးဖို့ အစီအစဉ်ကြိုတင်ပြင် ဆင်ဆောင်ရွက်ထားရှိမှုတွေကို သိပါ ရစေဗျာ။
ဖြေ။ ။ကျွန်တော်အနေနဲ့ မြဝတီမြို့နယ် အခြေခံပညာအလယ်တန်း/အထက်တန်းကျောင်းသား/ ကျောင်း သူများအား နိုင်ငံတော် အစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးနိုင်ဖို့ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်၊ ဇွန် လအထိ ကျောင်းအပ်နှံထားသည့် ကျောင်းသား/ကျောင်းသူများ ၅၈၄၃ ဦးကို အချိန်နှင့်တပြေးညီ ကာကွယ်ဆေး ထိုးနှံပေးနိုင်ဖို့ ကျောင်းများဖွင့်လှစ်ထားရှိသည့် အခြေခံပညာကျောင်း(၅၀)ကို နယ်မြေအလိုက်အုပ်စုများ ဖွဲ့စည်းကာ စခန်း(၁၀)ခုလျာထားပြီး၊ ဆေးထိုးအဖွဲ့(၇)ဖွဲ့ဖြင့် ထိုးနှံ ပေးနိုင်ဖို့ ဆောင်ရွက်ထားရှိတယ်။သက်ဆိုင်ရာဌာနအကြီး အကဲများ၊ ကျောင်းအုပ်ကြီးများနဲ့ ဆွေးနွေးမှု(၂)ကြိမ် ဆောင်ရွက် ညှိနှိုင်းထားပြီးဖြစ်ပါတယ်။
မေး။ ။အခြေခံပညာအလယ်တန်း/အထက်တန်းကျောင်းသား/ကျောင်းသူတွေကို ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေးထိုးနှံပေးမယ့် စုရပ်နေရာများကိုလည်း ပြောပြပေးပါအုံးဗျာ။
ဖြေ။ ။ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံဖို စုရပ်(၁၀)ခုဖွဲ့စည်းထားပြီး၊ စုရပ်သို့လာရောက် ကြရမည့် ကျောင်းများမှ မိဘများ၊ကျောင်းသား/ကျောင်းသူများသွားလာရေး၊ မိဘများသဘောတူ ညီမှုရရှိရေးတို့ကို ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျောင်း အုပ်ဆရာ/ဆရာမကြီး၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ကျောင်းကော်မတီများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ရာခိုင်နှုန်းပြည့် ထိုးနှံနိုင်ရေး အတွက် အစွမ်းကုန်ကြိုးစားဆောင်ရွက်သွားကြမှာဖြစ်ပါတယ်။
မေး။ ။ အခြခံပညာအလယ်တန်း/အထက်တန်းကျောင်းများမှာရှိတဲ့ ကျောင်းသား/ကျောင်းသူများ ကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးမှုအပေါ် ဆရာကြီးရဲ့ပီတီစကားသံလေးကိုလည်း ပြော ပေးပါအုံးဗျာ။
ဖြေ။ ။ အခုလိုနိုင်ငံတော်အစီအစဉ်နဲ့ကျောင်းသား/ကျောင်းသူများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးမှုအပေါ် နိုင်ငံတော်အကြီးအကဲများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ကလေးများရဲ့ ပညာသင်ယူမှုအခွင့်အလမ်းတွေ ပြန်လည် ပြီးရရှိခံစားသွားနိုင်မှာမို့ ပြည်သူတစ်ရပ် လုံးအနေနဲ့ လည်းကောင်း၊ ကျောင်းသားမိဘများအနေနဲ့လည်းကောင်း ဝမ်းသာ ပီတိဖြစ်မိကြမှာ ဖြစ်ပါတယ်။
မေး။ ။ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်းနှင့်ပတ်သက်၍ ဆရာကြီးအနေနဲ့ ဘာများ ဖြည့်စွက်ပြောချင်ပါသလဲဗျာ။
ဖြေ။ ။ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်းနဲ့ပတ်သက်ပြီး ပြောချင်တာလေးကတော့ ကမ္ဘာ့ ကပ်ရောဂါကြီးအဖြစ် နိုင်ငံ တကာက လက်ခံထားကြပြီး မိမိတို့နိုင်ငံအနေနဲ့ အသက်အရွယ် အပိုင်းအခြားအလိုက် တစ်ဆင့်ပြီးတစ်ဆင့်ထိုးနှံမှုကို အရှိန်အဟုန်မပျက်ဆက် လက်ဆောင်ရွက် နေတာတွေ၊ ရောဂါကာကွယ်ကု သထိန်းချုပ်ရေးလုပ်ငန်းတွေ နယ်ပယ်ဒေသ အသီးသီး မှာ ထိန်းချုပ်သွားနိုင်ဖို့ ပြည်သူတစ်ရပ်လုံးကလည်း အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ ကိုဗစ်ညွှန်ကြားချက် စည်းမျဉ်း စည်းကမ်းများနှင့်အညီ ပြုမှုနေထိုင်သွားကြဖို့၊ ကာကွယ်ဆေးများကိုလည်း ယုံယုံ ကြည်ကြည်နဲ့ထိုးနှံသွားကြဖို့၊ အခုဆိုလည်း အလယ်တန်း/ အထက်တန်း ကျောင်းသား /ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးတာနဲ့ ကလေးများရဲ့ ပညာသင်ယူမှု အခွင့်အလမ်းတွေ၊ အနာဂတ်ရည်မှန်းချက်၊ မျှော်မှန်းချက်တွေကို လက်တွေ့ကျကျအကောင် အထည်ဖော် ဆောင်ရွက်သွားနိုင်စေဖို့ နိုင်ငံသားတိုင်းမှာ တာဝန်အပြည့်ရှိပါကြောင်း၊ပြည်သူ တစ်ရပ်လုံးပါဝင်ပူး ပေါင်းဆောင်ရွက် သွားကြစေလိုကြောင်း ကျွန်တော်တို့ပညာရေးဌာန အနေနဲ့ လည်းကျရာတာဝန်တွေကို အစွမ်းကုန်ကြိုးစားဆောင်ရွက်သွား မှာဖြစ်ကြောင်း ပြောကြား လိုပါတယ်။
အခုလို ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်းနှင့်ပတ်သက်ပြီး ပြည့်ပြည့်စုံစုံဖြေကြားပေးတဲ့ အတွက် ဆရာကြီးအထူးပင် ကျေးဇူး တင်ရှိပါတယ်ဗျာ။
မန်းသန်းရွှေမြင့်