မှော်ဘီမြို့နယ်၌ အသက်(၆၅)နှစ်အောက်နှင့် အသက်(၅၅)နှစ်အထက် အသက်အရွယ်ရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

မှော်ဘီ   အောက်တိုဘာ   ၇

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုနှုန်း လျှော့ချရေးနှင့် ရောဂါကြောင့်သေဆုံးမှုနှုန်း လျော့ကျလာစေရေးတို့အတွက် ဒေသခံပြည်သူများအား ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို  မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများနှင့် တာဝန်ရှိသူများ ပူးပေါင်းကာ အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ အသက် ၆၅ နှစ်အောက်နှင့် အသက်(၅၅)နှစ်အထက် ပြည်သူများအား ဦးစားပေးအစီအစဉ်အလိုက် (ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းကို ယမန်နေ့နံနက်အချိန်မှစတင်၍ ဆပ်သွားတော ကျေးရွာမှအသက် ၆၅ နှစ်အောက်နှင့် အသက်(၅၅)နှစ်အထက် ပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ ဉီးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပါဝင်သော ကာကွယ်ဆေးထိုးနှံရေး အဖွဲ့များက ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိပြီး မှော်ဘီမြို့နယ်တွင် ကာကွယ်ဆေးထိုးနှံပြီးသူ (၃၈၅၁၉) ဦးရှိပြီး ဆေးထိုးရန် ကျန်ရှိသည့် ဒေသခံပြည်သူများကိုလည်း ဦးစားပေး ဦးတည်အုပ်စုအလိုက် ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကောင်းမြတ်သူ