ကျွန်းစု အောက်တိုဘာ ၇
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျွန်းစုမြို့နယ်ရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို အောက်တိုဘာလ(၆)ရက်နေ့က ကမ်းကြီးကျေးရွာအုပ်စု၊ မော်တုံးကြီး ကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြုလုပ်ရာတွင် မြို့နယ်လဝက ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ အသက်(၁၀)နှစ်ပြည့် နိုင် ၃(က) (၉)ဦး၊ အသက်(၁၈) နှစ်ပြည့် နိုင် ၆(က) (၁၄)ဦး၊ လဲလှယ်(၃၁)ဦး၊ မိတ္တူ(၁၁)ဦး၊ စုစုပေါင်း(၆၅)ဦးနှင့် ရွှေ့ပြောင်း အိမ်ထောင်စု(၅)စု၊ ခွဲထွက်(၇)၊မိတ္တူ(၂၄) စုစု ပေါင်းအိမ်ထောင်စု(၃၆)စုတို့အား ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
အေးသန္တာဖြိုး (ကျွန်းစု)