မင်္ဂလာဒုံ အောက်တိုဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊မင်္ဂလာဒုံမြို့ နယ်ထောက်ကြန့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ရေးစခန်းသို့ ရောက်ရှိလာသည့် ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် အမျိုသား(၂၉)ဦး၊ အမျိုးသမီး(၉)ဦး စုစုပေါင်း(၃၈)ဦးကို ယမန်နေ့ နံနက်(၁၀)က အာခေါင်တို့ဖတ်၊ နှာခေါင်းတို့ ဖတ်ယူ၍ ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ စစ်ဆေးနေကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်းသို့ လေလမ်းကြောင်းခရီးစဉ် ကုန်းလမ်းကြောင်းခရီးစဉ်များမှ ပြန်လည်ဝင်ရောက် လာသူ ပြည်သူများကို တာဝန်ရှိသူများက မင်္ဂလာဒုံမြို့နယ် ထောက်ကြန့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးစခန်းတွင် (ကွာရာတင်း)(၁၄)ရက်ထားရှိ၍ နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်များ ယူပြီး ပိုးတွေးရှိသူများကို မင်္ဂလာဒုံမြို့နယ်၊ ပုလဲပြည်သူ့ဆေးရုံကြီးတွင် ဖွင့်လှစ်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာသို့ ဆက်လက်ပို့ဆောင်မည်ဟု သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေး တာဝန်ခံဆရာဝန်အဖွဲ့ကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်း မင်္ဂလာဒုံမြို့နယ် ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များက နေ့စဉ်ကူညီဆောင်ရွက် ပေးနေကြောင်း သိရသည်။
မျိုးသန့်(မင်္ဂလာဒုံ)