ပင်လောင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် ဓါတ်ပုံများပြသ

ပင်လောင်း  အောက်တိုဘာ ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်ရေး အသိပညာပေး နံရံကပ်စာစောင် နှင့် ဓါတ်ပုံများပြသမှုကို ယနေ့ နံနက်ပိုင်း ဆောင်ရွက်ခဲ့သည်။

အသိပညာပေး နံရံကပ်စာစောင်တွင် စနစ်တကျလက်ဆေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ လက္ခဏာများ၊ ရောဂါကူးစက်မှုမခံရအောင် ဆောင်ရန်ရှောင်ရန်များကိုလည်းကောင်း၊ ဓါတ်ပုံပြဘုတ်တွင် ကာကွယ်ဆေးထိုးနှံခြင်း၊ ဒေသတွင်းရောဂါ ထိန်းချုပ်ရေး ဆောင်ရွက်ချက်များနှင့် ပရဟိတအဖွဲ့ ပူးပေါင်းဆောင်ရွက်နေမှုစသည့် မှတ်တမ်းဓါတ်ပုံများ ကိုလည်းကောင်း ပြသဆောင်ရွက်သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပင်လောင်းမြို့နယ်ရုံးမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်ရေးလုပ်ငန်းများဖြစ်သည့် ရပ်ကွက်၊ ကျေးရွာအတွင်း အသံချဲ့စက်ဖြင့် အသိပညာပေး ဆော်ဩခြင်းနှင့် မြေစိုက်ဘုတ်တွင် ကိုဗစ်-၁၉ ရောဂါ အသိပညာပေး နံရံကပ်စာစောင် ပြသခြင်း၊ အသိပညာပေး ဓါတ်ပုံများပြသခြင်း၊ ပြည်သူများကာကွယ်ဆေး ထိုးနှံနိုင်ရေး အသိပညာပေး နှိုးဆော်ခြင်း စသည့် အသိပညာပေး လုပ်ငန်းများကို လစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထွန်းလင်း (ပင်လောင်း)