ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့တာဝန်ရှိသူများမိုင်းခတ်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများအား တွေ့ဆုံ

မိုင်းခတ် အောက်တိုဘာ ၁၄

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းနှင့် ပြည်နယ် ဝန်ကြီးများသည် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံပွဲကို ယမန်နေ့ညနေ၃နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာ ကျော်ထွန်းက နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေးဖို့ လာရောက်ခြင်းဖြစ်ပါကြောင်း၊ အောက်တိုဘာလအတွင်း အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အစီအစဉ်ဖြင့် အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးမည့် လုပ်ငန်းများကို ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများအနေဖြင့် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးစေလိုကြောင်းနှင့် ကိုဗစ်-၁၉ရောဂါကာလအတွင်း အဘက်ဘက်မှ ဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့ကြသောဌာနဆိုင်ရာများ၊ မြို့မိမြု့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် Volunteer များကိုလည်း အသိအမှတ်ပြုပါကြောင်း အားပေးချီးမြှင့်ပြောကြားခဲ့သည်။

ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းမှ မိုင်းခတ်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီအတွက် ငွေကျပ်(၁၀)သိန်းနှင့် PPE ဝတ်စုံ(၁၀၀)၊ အသက်ရှုစက်(Oxygen Concentrator)(၉)လုံး၊ Rubbing Alcohol(၉၀)တို့ကို ပေးအပ်ရာ မိုင်းခတ်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဦးမြင့်စိုးက လည်းကောင်း၊တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းမှ Mask(၁၀၀၀၀)၊ Surgical Grown လက်အိတ်(၁၅၀)၊ Face Shield(၂၀၀)တို့ကို ပေးအပ်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးစိုးမြင့်ကလက်ခံရယူခဲ့သည်။

ထို့နောက်တက်ရောက်လာကြသူများက မြို့နယ်အတွင်း သောက်သုံးရေလုံလောက်စွာရရှိရေး၊ မိုင်းခတ်-မိုင်းနှုန်းလမ်းနှင့်မိုင်းခတ်-မိုင်းညှင်းလမ်းများအား ကျောက်ချောလမ်းရရှိရေး၊ (၂၄)နာရီမီးရရှိရေး၊ ဆက်သွယ်ရေးအင်တာနက်လိုင်းများကောင်းမွန်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးစေလိုပါကြောင်း တင်ပြကြရာပြည်နယ်ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ဝန်ကြီးချုပ်မှနိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်