ကျိုင်းတုံ အောက်တိုဘာ ၁၅
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အခြေခံပညာကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး အတွက် အသက်၁၂နှစ်နှင့်အထက်ကျောင်းသား/သူများကို ကိုဗစ်(၁၉)ရောဂါ ကာကွယ်ဆေး ထိုးပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်(၁၁)နာရီက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းဝေးခန်းမတွင်ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျိုင်းတုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှိုင်းမောင်မောင်က အခြေခံပညာ ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် အသက်၁၂နှစ်နှင့်အထက်ကျောင်းသား/သူ များကို ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးထိုးပေးနိုင်ရေး ကိုဗစ် (၁၉)ကာကွယ်ဆေးရောက်ရှိမှု အခြေ အနေများကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်သန္တလွင်နှင့် တာဝန်ရှိသူများက ကျောင်းသား/သူများ ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးထိုးပေးနိုင်ရေး အခြေခံပညာကျောင်းများ အလိုက်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးလှိုင်းမောင်မောင်နှင့် တာဝန်ရှိသူများက ကိုဗစ်(၁၉) ရောဂါကာကွယ်ဆေးထိုးပေးနိုင်ရေး အခြေခံပညာကျောင်းများ အလိုက်ပြင်ဆင် ဆောင်ရွက် ထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှု့စစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စိုင်းရွှေအောင်(ခရိုင်ပြန်/ဆက်)