မိုးညှင်း၊ အောက်တိုဘာ ၁၄
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်အတွင်း အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများနှင့် ဦးတည်အုပ်စုများအား ဒုတိယအသုတ်အနေဖြင့် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးခြင်းကို အောက်တိုဘာ(၁၀)ရက်နေ့မှစတင်ကာ သတ်မှတ်နေရာများ၌ ထိုးနှံ ပေးခဲ့သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာ၌ မိုးညှင်းမြို့နယ်အတွင်းရှိ မိုးညှင်း၊ ဟိုပင်၊ နန်းမားနှင့် မော်ဟန်ဒေသများတွင် သံဃာတော်/သီလရှင်(၂၄)ပါး၊ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူ(၄၀၆၄)ဦး၊ ဌာနဆိုင်ရာဝန်ထမ်း(၁၀၆)ဦး၊ ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်း(၁)ဦး၊ စေတနာ့ဝန်ထမ်း(၆)ဦး၊ မသန်စွမ်းသူ(၃)ဦး၊ နာတာရှည်ရောဂါရှိသူ(၁)ဦး၊ စျေးသူစျေးသား(၁၉၅)ဦးနှင့် NGO(၅)ဦး စုစုပေါင်း(၄၄၀၅)ဦးတို့ကို ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံမှုများ ဆောင်ရွက်ပေးခဲ့ပြီး အဆိုပါကာကွယ်ဆေးထိုးနှံပြီးသူများကို နိုဝင်ဘာလဒုတိယ အပတ်တွင် ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
ဇွဲသူရအောင်