လှိုင် အောက်တိုဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်အတွင်း အခြေခံပညာအထက်တန်း၊ အလယ်တန်းကျောင်းများတွင် ကျောင်းအပ်နှံထားသော အထက်တန်း၊ အလယ်တန်း အသက် ၁၂ နှစ်အထက် ကျောင်းသား/ သူများအား ကိုဗစ် ၁၉ ကာကွယ်ဆေးထိုးနှံခြင်းကို လှိုင်မြို့နယ်၊ အမှတ် ၁၂ရပ်ကွက်၊ YUFC ဘောလုံးကွင်း၊ အားကစားရုံတွင် ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ်နှင့်အဖွဲ့၊ အနောက်ပိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့မှ လာရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည် များ မှာကြားပြီး ဆေးထိုးနှံပေးနေမှုကို လည့်လည်ကြည့်ရှု အားပေးခဲ့ပါသည်။
လှိုင်မြို့နယ်တွင် အခြေခံပညာကျောင်းတို့မှ အထက်တန်းဆင့်နှင့် အလယ်တန်းဆင့်ကျောင်းတို့ရှိ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံမည့် အသက် (၁၂)နှစ်နှင့်အထက် အထက်တန်းနှင့် အလယ်တန်း ကျောင်းသား ကျောင်းသူ စုစုပေါင်း(၂၇၀)ဦးအား ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် ယနေ့တွင် ကျောင်းသားကျောင်းသူ(၂၃၀)ဦးအားထိုးနှံပေးခဲ့ကြောင်းသိရှိရသည်။
ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကာကွယ်ဆေးလာရောက်ထိုးနှံသည့် ကျောင်းသား၊ ကျောင်းသူများကို ရင်းရင်းနှီးနှီး အားပေးစကား ပြောကြား၍ နှာခေါင်းစည်းMaskများ ဖြန့်ဝေပေးကာ တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားခဲ့ ကြောင်း သတင်းရရှိပါသည်။