ရွှေဘိုမြို့နယ်အတွင်း အသက်(၁၂)နှစ်အထက်ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေး ထိုးနှံမည့် အခြေအနေများနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်းခြင်း

ရွှေဘို အောက်တိုဘာ ၁၈

 

 ရွှေဘိုမြို့နယ် အတွင်း အခြေခံပညာကျောင်းများ၌ ပညာသင်ကြားလျက်ရှိသော အသက်(၁၂)နှစ်အထက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကူးစက်မြန် ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရွှေဘို​မြို့နယ်ပညာရေးမှူးရုံးမှဒုတိယ မြို့နယ်ပညာရေးမှူး ဦးညွန့်အောင်နှင့်  တွေ့ဆုံမေးမြန်းမှုကိုရေးသား ဖော်ပြလိုက် ပါသည်။

မေး။ ။ မင်္ဂလာပါ ဆရာကြီးရှင့်၊ ဆရာကြီးရဲ့အမည်၊ ရာထူးနဲ့ တာဝန်ယူလုပ်ဆောင်နေတဲ့ အပိုင်းကိုသိပါရစေရှင့်

ဖြေ။ ။ ကျွန်တော်ကတော့ ရွှေဘိုမြို့နယ် ဒုတိယပညာရေးမှူး ဦးညွန့်အောင်ဖြစ်ပါတယ်။ လက်ရှိမှာမြို့နယ် ပညာရေးမှူးတာဝန်ခံအဖြစ်ဆောင်နေပါတယ်။

မေး။ ။ ဆရာကြီးတို့ရဲ့ အခြေခံပညာအထက်တန်းကျောင်း၊ အလယ်တန်းကျောင်းတွေမှာ နိုင်ငံတော် ရဲ့အစီအစဉ်နဲ့ အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်၊ ကာကွယ်ဆေးထိုးနှံဖို့အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက် ထားရှိမှုအခြေအနေလေးကို သိပါရစေရှင့်

ဖြေ။ အသက် ၁၂ အထက် အလယ်တန်းနှင့် အထက်တန်းဆိုပြီးကျောင်းသား စာရင်းကိုအရင်ပြုစုလိုက်ပါတယ် ခြောက်လပိုင်းနှင့် ခုနှစ်လပိုင်းကျောင်းဖွင့်စဉ်ကမြို့နယ် ပညာရေးမှူးရုံးမှာ ကျောင်းအသီးသီးရဲ့ ကျောင်းသား စာရင်းတွေရှိပါတယ်။ အဲဒီကျောင်းသားစာရင်းတွေအရ အလယ်တန်းကျောင်းသား၊ အထက်တန်းကျောင်းသား ခွဲခြားစာရင်းပြုစုပါတယ် စာရင်းပြုစုပြီးကျောင်းသားစာရင်းတွေ ကိုမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကိုတင်ပြလိုက် ပါတယ်။ ပြီးခဲ့တဲ့ ၆-၁၀-၂၀၂၁ရက်နေ့မှာ​​​ ကျောင်းသားတွေဆေးထိုးဖို့ရာအတွက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှာ လူမှူဝန်ထမ်း၊ပညာရေး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေး တို့နှင့် အားလုံးပူးပေါင်းပြီး အစည်းအဝေးတစ်ခုလုပ်ခဲ့ပါတယ်။ အဲဒီအစည်းအဝေးမှာ ကျောင်းသား တွေဆေးထိုးရမည့်ပုံစံပေးလိုက်ပါတယ်။ ကျောင်းသားတွေဆေးထိုးဖို့ရာ အတွက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနကစီမံ ချက်ရေးဆွဲထားတာရှိပါတယ်။ အဲဒီရေးဆွဲထားတဲ့အတိုင်းပဲ ကျွန်တော်တို့ အကောင်အထည်ဖော်ကြပါတယ်။ စီမံချက်အရအသက် ၁၂ အထက်ဖြစ်တဲ့အတွက်ကြောင့် အလယ်တန်း ကျောင်းသားတွေမှာအချို့ကအသက်၁၂ နှစ်မပြည့်တာတွေရှိပါတယ် အဲ့ဒါနဲ့ရွှေဘိုမြို့်အတွင်းမှာ ရှိတဲ့အထက်တန်း ကျောင်းအုပ်ကြီးများ၊ အလယ်တန်းကျောင်းအုပ်ကြီးများ၊ အထကခွဲ၊ အလကခွဲ ကျောင်းအုပ်ကြီးများကို အသီးသီးခွဲခြားပြီး ဖုန်းဆက်ထားပါတယ်။ ကျောင်းသားစာရင်းပေးပို့ရာမှာ အမည်၊ မှတ်ပုံတင်အမှတ်၊ မိဘအမည်၊မွေးသက္ကရာဇ်၊ နေရပ်လိပ်စာ၊ ကိုင်ဆောင်တဲ့ဖုန်းနံပါတ်ရှိရင် ထည့်ဖို့ရာအဲဒီ အချက်အလက်တွေယူပြီးတော့မှ ရုံးကိုယူဆောင်လာ ဖို့ဖုန်းဆက်အကြောင်းကြားလိုက်ပါတယ်။၈-၁၀-၂၀၂၁ ရက်နေ့မှာအချက်အလက်တွေရပါတယ်။ ရရှိတဲ့အချက်အလက်များကိုရုံးမှာရှိတဲ့ ကွန်ပျူတာလုပ်ဆောင်ရေးမှူး တွေကိုတာဝန်ခွဲဝေပေးပြီး စာရင်းရေးသွင်းကြပါတယ်။

 

မေး။ ။ ဆရာကြီးရှင့်၊ အခုဆိုရင် ကာကွယ်ဆေးထိုးဖို့ အလယ်တန်း၊ အထက်တန်းကျောင်းသား၊ ကျောင်းသူတွေကို သတ်မှတ်ထားတယ်ဆိုတော့ ကျွန်မတို့ ရွှေဘိုမြို့နယ်မှာ ဆေးထိုးနှံဖို့ အကျုံးဝင်တဲ့ ကျောင်းသား၊ ကျောင်းသူ ဘယ်လောက်ထိရှိပါသလဲရှင့်၊။

ဖြေ။ ။ အထက်တန်းကျောင်းသားဦး ရေ ၇၆၈ ဦး၊အလယ်တန်းကျောင်းသားဦးရေ ၁၆၆၁ဦးစုစုပေါင်း အသက်၁၂နှစ် အထက်ကျောင်းသား၂၄၄၇ဦးရှိပါတယ်။

 

မေး။ ဆရာကြီးရှင့် ဆေးထိုးဘို့စုရပ်တွေကို ဘယ်လို သတ်မှတ်ထားပါ သလဲသိချင်ပါတယ်။

ဖြေ။ ကျွန်တော်ရွှေဘို မြို့နယ်မှာကာကွယ်ဆေးထိုးဖို့စုရပ် ၆ ခုသတ်မှတ်ထားပါတယ်။ အဲဒီစုရပ်တွေကတော ့အထက-၁၊ အထက -၄၊အထက -၅ ၊မြို့တော်ခန်းမ၊ ကျောက်မြောင်းအထကနှင့် ပရန်အထကခွဲ ကျောင်းတို့ဖြစ်ပါတယ်။

 

မေး ။ ကာကွယ်ဆေးထိုးနှံဖို့ အကျုံးဝင်တဲ့ ကျောင်းသား၊ ကျောင်းသူတွေကို သတ်မှတ် ထားတဲ့ နေရာတွေမှာ လာရောက်ထိုးနှံကြဖို့ အသိပေးတာတွေ၊ အကြောင်းကြားတာတွေကို အဆရာကြီးတို့ အနေနဲ့ ဘယ်လိုဆောင်ရွက်ထားတယ်ဆိုတာလည်းသိချင်ပါတယ်ရှင့်။

ဖြေ။ ။ ကျွန်တော်တို့ ကျောင်းသားစာရင်းတောင်း ကတဲ့ကကျောင်းသားတွ ေဆေးထိုးရက်ကို မသိသေးတဲ့အတွက် အကြောင်းကြားမယ် ဆေးထိုးတဲ့အခါလိုက်နာရမယ့် အချက်တွေကိုဖြန့်ဝေထားပါတယ်။ ဆေးထိုးတဲ့အခါ မိဘအုပ်ထိန်းသူရဲ့ သဘောတူညီချက်နဲ ဆေးထိုးဖို့ပထမမှာကြားပါတယ်။ နောက်ဆေးထိုးတဲ့ အခါမှာ၁၂နှစ်ပြည့်မှဆေးထိုးဖို့မှာကြားပါတယ်။

မေး။ ။ ဆရာ၊ ဆရာမတွေရော ကိုဗစ်ကာကွယ်ဆေးအားလုံးထိုးနှံပြီးကြပြီးလား ဆိုတာလည်းသိချင်ပါတယ်။

ဖြေ။ ။ ကိုဗစ်ကာကွယ် ဆေးကိုဆရာ၊ ဆရာမအများစုထိုးနှံပြီးသားဖြစ်ပါတယ်။ သင်တန်းခေါ်တဲ့ အခါကိုဗစ် ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးမှ တက်ရောက်ရတာဖြစ်တဲ့အတွက် အများစုဟာ ထိုးနှံပြီးသားဖြစ်ပါတယ်။

မေး။ ။  ကိုဗစ်ကာကွယ်ဆေးတွေလည်းထိုးနှံပေးတော့မယ်၊ မကြာခင်လည်း အခြေခံပညာကျောင်းတွေ ပြန်လည် ဖွင့်ဖို့ရှိနေတယ်၊ ဆိုတော့ ကျောင်းတွေပြန်ဖွင့်ဖို့ ဘယ်လိုအစီ အမံ တွေနဲ့ ဆောင်ရွက်ထားတယ်ဆိုတာလည်း သိပါရစေ ဆရာကြီးရှင့်။

ဖြေ။ ။ ကျွန်တော်တို့ကျောင်းတွေ ပြန်ဖွင့်ဖို့ရာအတွက် ပထမဦးစွာ ကျောင်းဝင်းသန့်ရှင်းရေး၊ ကျောင်းခန်းသန့်ရှင်းရေး၊ ကျောင်းသန့်စင်ခန်းလုံလောက်မှုရှိမရှိ၊ ကိုဗစ်ကာကွယ်ဆေးနှင့် ပတ်သက်ပြီး ဆေးထိုးပြီး သောကြောင့်ဆေးမထိုးတဲ့ ကျောင်းသားများ ရှိခဲ့ရင်ကူးစက်မှု မရှိအောင် ကျွန်တော်တို့မြို့နယ် ရုံးကဖြန့်ဝေထားတဲ့ ပစ္စည်းတွေကို အသုံးပြုဖို့ရာမှာကြားထားပါတယ်။ အဲဒီအပြင်ကျောင်းတွေမှာ လက်ဆေးကန်ထား ဖို့မှာကြားထားပါတယ်။ ကျောင်းသားတွေစာသင်ခန်းထဲ အဝင်ဟမ်းဂျယ်ထားဖို့မှာ ကြားထားပါတယ်။ အဓိက ကျောင်းသန့်ရှင်းရေး လုပ်ဆောင်ဖို့ရာ စာထွက်ထားတာရှိပါတယ်။

မေး။ ။ဆရာကြီး၊ အခုလိုကျောင်းသား/ ကျောင်းသူတပည့်တွေကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခွင့်ရတော့ မည်ဆိုတော့ ဆေးထိုးနှံပေးမှုအပေါ် ဆရာကြီးရဲ့ပီတိစကားသံလေးကိုလည်းကြားပါရစေ။

ဖြေ။ ။ဟုတ်ကဲ့ ကျွန်တော်တို့ရဲ့ ကျောင်းသားကျောင်းသူတွေကို အခုလိုကိုဗစ် ကာကွယ်ဆေးထိုး နှံပေးမှာဖြစ်တဲ့ အတွက်အတိုင်းအဆမရှိ ဝမ်းသာပိတိဖြစ်မိပါတယ်။ ဒါမှသာကျန်းမာရေး အထောက်အကူဖြစ်မှာဖြစ်ပါတယ် ယခင်လို ကျောင်းဖွင့်နေစဉ် ကျောင်းယာယီပြန်ပိတ်ရတာ တွေမဖြစ်နိုင်​တော့ဘူးလို့ ယူဆထားပါတယ်။ ယခုလို ကိုဗစ်ကာကွယ်ဆေးထိုးပေးတဲ့အတွက် ကျောင်းသား ကျောင်းသူများအတွက် အကျိုးကျေးဇူးများတဲ့အတွက် အတိုင်းမသိဝမ်းသာကြောင်း ခံစားရပါတယ်။။

 

‌မေး။ ။ ကျောင်းသား၊ ကျောင်းသူတွေကို ကာကွယ်ဆေးထိုးဖို့အစီအစဉ်နှင့် ပတ်သက်ပြီး ဖြည့်စွက်ပြောစရာရှိ ရင် လည်းပြောပေးပါ အုံးရှင့်။

ဖြေ။ ။ ဟုတ်ကဲ့၊ ကျောင်းသား ကျောင်းသူတွေ စာရင်းပြုစုတဲ့အခါ တက်ရောက်နေတဲ့ ကျောင်းသား ကျောင်းသူတွေ ဘဲစာရင်းပြုစုခဲ့ပါတယ် လက်တွေ့ ကျောင်းအုပ်ကြီးများ ရင်ဆိုင်နေရတာက ကျောင်း မအပ်ရသေးတဲ့ ကျောင်းသားများ ဆေးထိုးလိုမှု အ​ခြေအနေတွေကိုလည်း တွေ့ရှိရပါတယ် အဲ့ဒါတွေကိုလည်း ကျွန်တော်တို့ စာရင်းပြုစုပြီး ကျန်းမာရေးကိုပေးပို့ပြီး ဆေးထိုးနိုင်ဖို့ ဆောင်ရွက်ထားပါတယ်။

တွေ့ဆုံမေးမြန်းသူ- နန်းမြင့်

ဓာတ်ပုံ - စိုးသီဟ