ကျောက်ပန်းတောင်း အောက်တိုဘာ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများနှင့် ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများမှ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinovac) ပထမအကြိမ်ထိုးနှံခြင်းကို ယမန်နေ့ နံနက်(၈)နာရီမှစတင်၍ ဆေးထိုး စုရပ်အသီးသီးတွင် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinovac) ပထမအကြိမ်ထိုးနှံရန် အထက်တန်း အဆင့် ကျောင်းသား/ ကျောင်းသူ(၁၁၂၀)ဦး၊ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ(၄၂၃၉)ဦး စုစုပေါင်း (၅၃၅၉) ဦး စာရင်းပေးထားရှိကြောင်းသိရပြီး၊ မြို့ပေါ်တွင် အမှတ်(၁)အ.ထ.ကနှင့် အမှတ်(၂)အ.ထ.က ဆေးထိုးစုရပ်များဖွင့်လှစ် ထားရှိ၍ နယ်ကျောင်းများတွင် အထက်တန်းကျောင်း အဆင့်ရှိ ကျေးရွာ(၈)ရွာ၌ ဆေးထိုးစုရပ်(၈)ခု ဖွင့်လှစ်ထိုးနှံပေးလျှက်ရှိသည်။ အဆိုပါ ဆေးထိုးစုရပ် အသီးသီးတွင် ကျန်းမာရေး ဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာကြီးကြပ်ရေး အဖွဲ့များ၊ မီးသတ်ဦးစီးဌာနဝန်ထမ်းများ၊ ကြက်ခြေနီများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ လုံခြုံရေးတပ်ဖွဲ့များဖြင့် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပြီး စုရပ်အသီးသီးသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် မြို့နယ်ပညာရေးမှူး ဒေါ်မော်မော်တို့ လှည့်လည်ကြည့်ရှုအားပေးကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။
မြို့ပေါ်ဆေးထိုးစုရပ်များတွင် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်နှင်းနှင်းဝေနှင့် မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့တို့မှ ဆေးထိုးစုရပ်အလိုက်လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးကြပြီး၊ ဆေးထိုးလာရောက်သည့် ကျောင်းသား/ကျောင်းသူ များနှင့် ကျောင်းသားမိဘများထံ အသိပညာပေး လက်ကမ်း စာစောင်ငယ်းများ လိုက်လံ ဝေငှပေးခဲ့ကြောင်းသိရသည်။
နေအောင်(ပြန်/ဆက်)