ပေါင် အောက်တိုဘာ ၁၈
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသည့် အသက် (၁၂)နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံ ပေးခြင်းကို ပထမနေ့အနေအဖြင့် အလှပ်ကျေးရွာ အ.ထ.ကကျောင်းနှင့် သဲကုန်းကျေးရွာ အ.ထ.ကကျောင်း စုရပ်များတွင် အောက်တိုဘာ ၁၇ရက် နံနက် ၉နာရီမှစတင်၍ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် အလှပ်ကျေးရွာ အထကကျောင်းမှ အသက် (၁၂)နှစ်နှင့် အထက် ကျောင်းသား/ကျောင်းသူ(၂၀၀)ဦးနှင့် သဲကုန်းကျေးရွာ အ.ထ.ကကျောင်းမှ ကျောင်းသား/ ကျောင်းသူ (၂၀၀)ဦး၊ စုစုပေါင်း(၄၀၀)ဦးတို့အား ပထမနေ့အဖြစ် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိုက်ထွန်း နှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှု၍ ကျောင်းသား/ကျောင်းသူများအား အားပေးစကားပြောကြား ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝဏ္ဏမောင် (ပြန်/ဆက်)