နတ်မောက် ဒီဇင်ဘာလ ၉
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ဘူးပင်တဲကျေးရွာရှိ ဝင်ငွေနည်းအိမ်ထောင်စု (၁၉)စုအား ကိုဗစ်-၁၉ ကာလအတွင်း မိသားစုစားဝတ်နေရေးကို တစ်ဖက်တစ်လမ်းမှ အထောက်ကူဖြစ်စေရန်ရည်ရွယ်ပြီး အခြေခံစားသောက်ကုန်များ လှူဒါန်းခြင်းကို ယမန်နေ့ညနေ (၄)နာရီအချိန်ခန့် က မန္တလေးမြို့ရှိ ကြံ့နှစ်ကောင်ဘိလပ်မြေ ရောင်းဝယ်ရေး မိသားစုကိုယ်စား မေတ္တာမီးအိမ်ပရဟိတအသင်းမှ အိမ်တိုင်ရာရောက်သွားရောက် လှူဒါန်းပေးခဲ့သည်။
ထိုသို့လှူဒါန်းရာတွင် အလှူရှင်များဖြစ်သည့် မန္တလေးမြို့ရှိ ကြံ့နှစ်ကောင်ဘိလပ်မြေ ရောင်းဝယ်ရေး မိသားစုတို့မှ နတ်မောက်မြို့နယ် ဘူးပင်တဲကျေးရွာရှိ ဝင်ငွေနည်းအိမ်ထောင်စု (၁၉)စုအတွက် တစ်အိမ်ထောင်လျှင် ဆန် (၃)ပြည်၊ ဆီ (၁) ပိဿာနှုန်းဖြင့် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ အဆိုပါမိသားစုမှ နတ်မောက်မြို့နယ်အတွင်းရှိ ဝင်ငွေနည်းအိမ်ထောင်စု (၁၀၀)အတွက် လှူဒါန်းပေးခဲ့ပြီး ကျန်ရှိနေသည့် အခြေခံစားသောက်ကုန်များကိုလည်း ဆက်လက်လှူဒါန်း ပေးသွားမည်ဖြစ်ကြောင်း မေတ္တာမီးအိမ်ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးထံ က သိရသည်။
သင်းသင်းမြတ်