နမ္မတူမြို့နယ်၊ မန်စံကျေးရွာအုပ်စုအတွင်းရှိ အသက် (၁၈) နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူ ၈၁၀ ဦး အား ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေးများ ထပ်မံထိုးနှံပေးပြီးပြီဖြစ်
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးကော်မတီအနေဖြင့် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းအချိန်မှစတင်ကာ အခြေခံပညာအထက်တန်းကျောင်း (မန်စံ) ၌ အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသည့် မန်စံကျေးရွာ အုပ်စု အတွင်းရှိ အသက် (၁၈)နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူ ၈၁၀ ဦးအား ပထမအကြိမ် (Sinopharm) အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။