ပန်း​တောင်းမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် Online မှ တစ်ဆင့် အသိပညာပေး အစီအစဉ်များ ဆောင်ရွက်ပေးလျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် စာပေချစ်မြတ်နိုးသူများ၊ ကျောင်းသား/ကျောင်းသူ များ၊ ကလေးငယ်များ အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ Online မှ တစ်ဆင့် အသိပညာပေး အစီအစဉ်များကို ပြည်သူ့စာကြည့်တိုက် Page တွင် လွှင့်တင်ဆောင်ရွက်ပေး လျက်ရှိသည်။

ရေကြည်မြို့နယ် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် မသန်စွမ်းသူများဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့ နံနက်(၉)နာရီ အချိန်က ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ)မှ မြို့နယ်တာဝန်ခံ ဦးမင်းဇော်ဦနှင့် တွေ့ဆုံ၍ မသန်စွမ်း သူများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ကျင်းပပြုလုပ်ခဲ့သည်။

မြေပုံမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး တစ်အိမ်တက်ဆင်းအကြံပြု ကွင်းဆင်း စစ်ဆေး

ရခိုင်ပြနယ် မြောက်ဦးခရိုင် မြေပုံမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် တစ်အိမ်တက် ဆင်းအကြံပြု စစ်ဆေးခြင်းများကို ယနေ့ နံနက် ၉ နာရီက မြေပုံမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်ပြီး တပ်ဖွဲ့ဝင်များ ကွင်းဆင်း စစ်ဆေးကြသည်။

ပန်းတောင်းမြို့နယ် ဥသျှစ်ပင်စည်ပင်သာယာဈေးရှေ့တွင် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် မီးဘေးကြိုတင်ကာကွယ်ရေး မီးငြှိမ်းသတ်နည်း ဇာတ်တိုက်လေ့ကျင့်သရုပ်ပြ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ဥသျှစ်ပင်စည်ပင်သာယာစျေးရှေ့တွင် ပွင့်လင်းရာသီကာလ စျေးမီးလုံခြုံရေးစစ်ဆေးခြင်းနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဈေးသူ၊ ဈေးသားများနှင့် ဈေးဝယ်လာပြည်သူများအား မီးဘေးဇာတ်တိုက် လေ့ကျင့် သရုပ်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ စည်ပင်သာယာဈေးရှေ့တွင် ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းမှ ဆိပ်ကြီးခနောင်တိုမြို့နယ်နေ ပြည်သူများအား တန်ဖိုးသင့် အခြေခံ စားသောက်ကုန်များ ရောင်းချပေး

ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရေး ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏လမ်းညွှန်မှု မြန်မာနိုင်ငံဆန်စပါး ကုန်သည်များ အသင်း၏စီစဉ်မှုဖြင့် ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် အတွင်း၌ ယမန်နေ့ နံနက်ပိုင်းက ဆန်၊ ဆီသယ်ယူပို့ဆောင်ရေးနှင့် ရောင်းချရေးယာဉ်ဖြင့် မြို့နယ်နေပြည်သူများအား‌ အခြေခံ စားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီနှင့် သားငါးများကို ဈေးနှုန်း သင့်တင့်စွာ လာရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းဆောင်ရွက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်တားဆီးထိန်းချုပ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ကျိုက်ထိုမြို့နယ်ရုံး ဝန်ထမ်းများက ယနေ့နံနက်ပိုင်း က မြို့ပေါ်ရပ်ကွက်အတွင်း လှည့်လည်နှိုးဆော်ခဲ့ကြသည်။

အုတ်ဖိုမြို့နယ်တွင် ပန်းခင်းစီမံချက် ဆောင်ရွက်မှု ၅၇ ရာခိုင်နှုန်းကျော်ပြီးစီး

လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ဆိုသည့် ဆောင်ပုဒ်နှင့် အညီ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိရာ ၅၇ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

မိုင်းခတ်မြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပညာပေးနှိုးဆော်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက် ပြန့်ပွားမှု မရှိစေရေးနှင့်ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် ယနေ့နံနက်ပိုင်းက မိုင်းခတ်မြို့ပေါ်ရပ်ကွက်များအတွင်း Hand Speaker ဖြင့် အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။

လှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်​ဆေးဆက်လက် ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရန် အတွက် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအားလှိုင်မြို့နယ်၊ အမှတ် ၁၂ ရပ်ကွက်၊ ယောဂီကျောင်းလမ်း၊ သိပ္ပံပစ္စည်း စက်ရုံ၀န်းရှိ ကိုဗစ်-၁၉ကုသ​​ရေးစင်တာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးလျက်ရှိရာ ယမန်နေ့နံနက် (၉း၀၀)နာရီအချိန်တွင် ရပ်ကွက် (၁၆) ရပ်ကွက်ရှိအသက် (၁၈)နှစ်နှင့်အထက် ပြည်သူများအားပထမအကြိမ်စုစုပေါင်း(၄၃၈)ဦး နှင့်ဒုတိယ အကြိမ်စုစုပေါင်း (၆၉၀)ဦးအားထိုးနှံပေးခဲ့ကြောင်း သိရ သည်။

အောင်လံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေး ဆောင်ရွက်ချက်များအား အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါ ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ရောဂါကူးစက်ပျံ့ပွားမှုများ လျော့နည်းပပျောက်စေရေးအတွက် ကိုဗစ်-၁၉ ရောဂါ အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် (၇)နာရီက သရက်တောရပ်ကွက် ယာယီပျံကျဈေးနှင့် ကန်ကြီးရပ်ကွက်တို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to