မိုင်းခတ်မြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပညာပေးနှိုးဆော်

 မိုင်းခတ်   ဒီဇင်ဘာ    ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက် ပြန့်ပွားမှု မရှိစေရေးနှင့်ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် ယနေ့နံနက်ပိုင်းက မိုင်းခတ်မြို့ပေါ်ရပ်ကွက်များအတွင်း Hand Speaker ဖြင့် အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေးနှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မိုင်းခတ်မြို့ပေါ်တွင်နေထိုင်ကြသော မိဘပြည်သူများအနေဖြင့် တတ်နိုင် သမျှ မိမိနေအိမ်တွင်သာ နေထိုင်ကြရန်၊ မဖြစ်မနေ နေအိမ်ပြင်ပသို့ထွက်ခွာမည်ဆိုပါက နှာခေါင်းစည်း (Mask)များကို စနစ်တကျ တပ်ဆင်သွားလာကြရန်၊ အပြင်မှပြန်လာပါ ကလည်း မိသားစုများနှင့်မထိတွေ့မီ နှာခေါင်းစည်းများကို အမှိုက်ပုံးထဲသို့ စနစ်တကျ လွှင့်ပစ်ရန်နှင့် လက်များကို ဆပ်ပြာဖြင့် စက္ကန့်၂၀ကြာအောင် ဆေးကြောရန်၊ တစ်ဦးနှင့် တစ်ဦး (၆)ပေအကွာမှ ခပ်ခွာခွာနေရန်၊ မိမိနေအိမ်သို့ ပြင်ပမှဧည့်သည်များလက်မခံရန်၊ မိမိ အနေဖြင့်လည်း အခြား‌သူများအိမ်သို့ ဝင်ထွက်သွားလာခြင်းများ ရှောင်ကြဉ်ကြရန်နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ စနစ်တကျ သွားရောက်ထိုးနှံကြရန် အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

ထို့အပြင် မိမိအနေဖြင့် ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေး ဌာနသို့ သွားရောက်၍ ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှုမှ ကြိုတင် ကာကွယ်နိုင်ရန် မိဘပြည်သူများအနေဖြင့်လည်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ညွှန်ကြားချက်များကို စနစ်တကျ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် မြန်မာ ဘာသာ၊ ရှမ်းဘာသာတို့ဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။