ကျိုက်ထို ဒီဇင်ဘာ ၁၀
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်တားဆီးထိန်းချုပ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ကျိုက်ထိုမြို့နယ်ရုံး ဝန်ထမ်းများက ယနေ့နံနက်ပိုင်း က မြို့ပေါ်ရပ်ကွက်အတွင်း လှည့်လည်နှိုးဆော်ခဲ့ကြသည်။
ထိုသို့ အသိပေးနှိုးဆော်ရာတွင် မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှု မခံရစေရေး၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေးလမ်းညွှန်ချက်များအား တိတိကျကျ လိုက်နာကြရန်နှင့် ဧည့်သည်များ လက်ခံခြင်းမပြုရန်၊ နေအိမ်ပြင်ပသို့ထွက်လျှင် နှာခေါင်းစည်း (Mask) တပ်ခြင်း၊ စနစ်တကျ လက်ဆေးခြင်း၊ လူစုလူဝေးရှောင်ရှားခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမှုခံယူခြင်းကို အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန်နှင့် အိုမီခရွန် (omicron) အပါအဝင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါပိုးများကို သတိပြုကာ မိမိကစ၍ကာကွယ်ရန်၊ ကိုဗစ်-၁၉ ရပ်တန့်ရေး ရောဂါကာကွယ်ရေးနည်းလမ်းများကို အားလုံးဆက်လက်လိုက်နာဆောင်ရွက်ကြရန်နှင့် ကာကွယ်ဆေးထိုးနှံခြင်းကိုလည်း အကြိမ်ပြည့်ခံယူရန် စသည်တို့ကို မိဘပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက နှိုးဆော်ခဲ့ကြကြောင်း သိရသည်။
သန်းသန်းမော် (ကျိုက်ထို)