အုတ်ဖို ဒီဇင်ဘာ ၁၀
လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ဆိုသည့် ဆောင်ပုဒ်နှင့် အညီ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိရာ ၅၇ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။
လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် အုတ်ဖိုမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လူဦးရေ(၃၉၅၆)ဦး ဆောင်ရွက်ရမည်ဖြစ်ရာ ယခုအခါ (၂၂၈၅)ဦး ဆောင်ရွက်ပြီးစီး၍ ရာခိုင်နှုန်းအားဖြင့် (၅၇.၇၆)ရာခိုင်နှုန်း ရှိပြီဖြစ်ကြောင်းနှင့် ကျန်ရှိသည့် (၁၆၇၁)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကျေးရွာများအရောက် ကွင်းဆင်း၍ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း လူဝန်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းဆန်းထံမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)