အောင်လံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေး ဆောင်ရွက်ချက်များအား အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

အောင်လံ ဒီဇင်ဘာ ၁၀

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါ ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ရောဂါကူးစက်ပျံ့ပွားမှုများ လျော့နည်းပပျောက်စေရေးအတွက် ကိုဗစ်-၁၉ ရောဂါ အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် ()နာရီက သရက်တောရပ်ကွက် ယာယီပျံကျဈေးနှင့် ကန်ကြီးရပ်ကွက်တို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေးဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေးလမ်းညွှန်ချက်များကို ပြည်သူများအနေဖြင့် လိုက်နာပြီး ပူးပေါင်းဆောင်ရွက်ရန်တို့ကို အသိပညာပေးနှိုးဆော်ခဲ့ပြီး ကိုဗစ်-၁၉ ရာဂါ ကာကွယ်ရန် ပြည်သူအားလုံး ကာကွယ်ဆေး မဖြစ်မနေထိုးနှံရမည်ဖြစ်ကြောင်း၊ လအလိုက်ရရှိသည့် ကာကွယ်ဆေးအရေအတွက်ပေါ် မူတည်၍ ပြည်သူအားလုံး စနစ်တကျ ကာကွယ်ဆေးထိုးနှံနိုင်ရေး အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ လူမှုရေး၊ စီးပွားရေးနှင့် ပညာရေးလိုအပ်ချက်များ ပြန်လည်ဆောင်ရွက်ဖို့ ကာကွယ်ဆေးထိုးနှံကြစို့၊ COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း၏ အကျိုးကျေးဇူးများ၊ ကာကွယ်ဆေးထိုးနှံပြီး မိမိကိုယ်တိုင်နဲ့ မိသားစုဘဝတွေကို ကာကွယ်ပါ စသည့် အကြောင်းအရာပါ အသိပညာပေးလက်ကမ်းစာစောင်များကို ပြည်သူများ လက်ဝယ်အရောက် အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မျိုးသိန်း