ပန်းတောင်း ဒီဇင်ဘာ ၁၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် စာပေချစ်မြတ်နိုးသူများ၊ ကျောင်းသား/ကျောင်းသူ များ၊ ကလေးငယ်များ အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ Online မှ တစ်ဆင့် အသိပညာပေး အစီအစဉ်များကို ပြည်သူ့စာကြည့်တိုက် Page တွင် လွှင့်တင်ဆောင်ရွက်ပေး လျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင် သည့် စာဖတ်ပရိတ်သတ်များနှင့် ကလေးငယ်များအတွက် အသိပညာဗဟုသုတများ ရရှိစေ ရန် ပန်းတောင်းမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက် Facebook Page မှ သုတ/ရသ စာအုပ် မိတ်ဆက်ခြင်း အစီအစဉ်များ၊ ပုံပြင်ပြောပြခြင်း အစီအစဉ်များနှင့် ကဗျာရွတ်ဆိုခြင်း အစီ အစဉ်များကို ပန်းတောင်းမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဝန်ထမ်း များက ရိုက်ကူး၍ Online မှ တစ်ဆင့် တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
သင်းသင်းအေး (ပြန်/ဆက်)