ကမမောင်းမြို့တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်ရေး အသိပညာပေးနှိုးဆော်

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကူးစက် ပျံ့နှံမှုမှ ကာကွယ်နိုင်ရန် ရည်ရွယ်၍ မြို့ပေါ်ရပ်ကွက်အတွင်း၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းအချိန်မှ စတင်ပြီး မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်အသိပေး နှိုးဆော်ခဲ့သည်။

မန်တုံမြို့တွင် ကိုဗစ်(၁၉)ရောဂါ ကြိုကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးအသိပညာပေး နှိုးဆော်ဆောင်ရွက်

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့တွင် ကိုဗစ်(၁၉) ရောဂါ ကြိုတင် ကာကွယ်နိုင်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ရောဂါကူးစက်မှုကို လျော့နည်းစေပြီး မိမိကစ၍ကာကွယ်နိုင်စေရန် ပလောင်၊ မြန်မာ ဘာသာများဖြင့် ယနေ့နံနက် ပိုင်းအချိန်က ကျန်းမာရေးအသိပညာပေး နှိုးဆော်မှုများဆောင်ရွက်ခဲ့ပါသည်။

ရေဖြူမြို့တွင် အားကစားနှင့်ကာယပညာ ကော်‌မတီဥက္ကဋ္ဌဖလား အခြေခံပညာအသင်းပေါင်းစုံ အေရိုးဗစ်ပြိုင်ပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား၊ အခြေခံပညာအသင်းပေါင်းစုံ အေရိုးဗစ်ပြိုင်ပွဲကို ယမန်နေ့ ညနေ ၃ နာရီက အ-ထ-က ရေဖြူ ကျောင်းခန်းမတွင် ပြုလုပ်ခဲ့သည်။

ကလိန်အောင်မြို့တွင် မြို့ပေါ်ရပ်ကွက်ရှိ ကုန်စုံဆိုင်ပိုင်ရှင်များနှင့် ဈေးသူ/ဈေးသားများအား Rapid Test- kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ အခမဲ့စစ်ဆေးပေးခြင်းဆောင်ရွက်

ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ အမှတ်(၂) ရပ်ကွက်ရှိ ဆံတော်ရှင်ဂေါပက ကိုယ်ပိုင်ဈေး ၌ ဈေးရောင်းချနေသည့် ဈေးသူ/ဈေးသားများ၊ မြို့ပေါ်ရပ်ကွက်ရှိ ကုန်စုံဆိုင်ပိုင်ရှင်များနှင့် ဈေးရောင်း ချနေသူများအား ယမန်နေ့ နံနက် ၉ နာရီခွဲက Rapid Test- kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ အခမဲ့ ကွင်းဆင်း စစ်ဆေးပေးခြင်း‌‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရေနံချောင်းမြို့၊ မြို့မဈေးကြီးနှင့် ရတနာဈေးတို့တွင် အစားအသောက်များအား ဓာတ်ခွဲ စစ်ဆေးယာဉ်ဖြင့် စစ်ဆေးမှု ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့၊ မြို့မဈေးကြီးနှင့် ရတနာဈေးတို့တွင် ယမန်နေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကွဲမှု ဦးစီးဌာနမှ မြို့မစျေးကြီးနှင့် ရတနာဈေးတို့တွင် ရောင်းချလျက်ရှိသော စျေးဆိုင်များ ရှိ အစားအသောက် များအား ဓာတ်ခွဲစစ်ဆေးယာဉ်ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ ဦးတည်အုပ်စုတွင်ပါဝင်သူများအား စတုတ္တအသုတ် (ဒုတိယ)အကြိမ်အဖြစ် လူဦးရေ ၅၉၀ ဦးအား ကိုဗစ် -၁၉ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးပြီးဖြစ်

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ဦးတည်အုပ်စု တွင်ပါဝင်သည့် သူများ အား စတုတ္တအသုတ် (ဒုတိယ) အကြိမ် အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယမန်နေ့ နံနက်ပိုင်းက သတ်မှတ် စုရပ် နေရာ များတွင် ဆက်လက် ထိုးနှံ ပေး လျက်ရှိ ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာပေဝါသနာရှင်များအတွက် Online တင်ဆက်မှု အစီအစဉ်ဖြင့် စာအုပ်မိတ်ဆက်ခြင်းနှင့် ကဗျာရွတ်ခြင်းများ အပတ်စဉ်ဆောင်ရွက်ပေးလျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာပေ ချစ်မြတ်နိုးသူများနှင့် ကလေးငယ်များအတွက် စာအုပ်မိတ်ဆက်ခြင်း၊ ကဗျာရွတ်ခြင်း၊ ပုံပြင်ပြောခြင်းများကို Online အစီအစဉ်ဖြင့် အပတ်စဉ် တင်ဆက်ပေးလျက်ရှိရာ၊ ယမန်နေ့နံနက်(၁၀)နာရီက စာအုပ်မိတ်ဆက်ခြင်းနှင့် ကဗျာ ရွတ်ခြင်း များ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကော့ကရိတ်မြို့နယ်အတွင်းရှိ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ ငွေများ ပေးအပ်

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေး နှစ်၊ ပထမ (၃)လုံးပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ စက်တင်ဘာ) အတွက် လူမှုရေးပင်စင် အကျိုးခံစားခွင့် ရှိသော အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။
Subscribe to