မြေပုံမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး တစ်အိမ်တက်ဆင်းအကြံပြု ကွင်းဆင်း စစ်ဆေး

မြေပုံ        ဒီဇင်ဘာ       ၁၀

ရခိုင်ပြနယ် မြောက်ဦးခရိုင်  မြေပုံမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် တစ်အိမ်တက် ဆင်းအကြံပြု စစ်ဆေးခြင်းများကို ယနေ့ နံနက် ၉ နာရီက မြေပုံမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်ပြီး တပ်ဖွဲ့ဝင်များ ကွင်းဆင်း စစ်ဆေးကြသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်ပြီး တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ်ကြို တင်ကာကွယ်တားဆီးနိုင်ရေးအတွက် မီးသုံးစွဲမှု အားစနစ်တကျ ရှိမရှိ ၊မီးဘေးအန္တရာယ်ကင်း ဝေးစေရန်လောင်စာ သိုလှောင်ထားရှိမှုများစနစ်တကျ ရှိမရှိ စစ်ဆေးပြီး ရှေးဦးမီးငြိမ်းသတ်နိုင်ရေး ပစ္စည်းများ ဖြစ်ကြသည့် ရေအိတ်၊သဲအိတ်၊မီးသတ်လှေကား၊မီးသတ်ချိတ်၊ မီးကပ်ပြားနှင့် မီးသတ်ဆေးဗူးများ စနစ်တကျ ကြိုတင်ကာကွယ် ထားရှိခြင်း နှင့် မီးသတိပေးဆိုင်းဘုတ်များအားစိုက်ထူခြင်း စသည့်တို့ကိုစစ်ဆေးကြသည်။

ထို့ပြင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်တားဆီးရေးအတွက် မီးသတ်ဦးစီးဌာနမှ ချမှတ်ထားသောစည်းကမ်းချက် များနှင့် အကြံပြုစကားများမှာကြားကြသည်။

ဝင်းမင်းစိုး (ပြန်/ဆက်)