ပေါက်ခေါင်းမြို့၌ ရှေးဦးပြုစုခြင်း အခြေခံသင်တန်းဖွင့်လှစ်

ပေါက်ခေါင်း ဇွန် ၁၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအ‌ခြေပြုပြုဗဟိုဌာန (Community Centre ) ခန်းမတွင် ယမန်နေ့မွန်းလွဲ  ၁ နာရီအချိန်က ရှေးဦးပြုစုခြင်း အခြေခံသင်တန်း ဖွင့်ပွဲကျင်းပခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်က သင်တန်း အဖွင့်အမှာစကား ပြောကြားပြီး၊ ပေါက်ခေါင်းမြို့နယ် ကြက်ခြေနီအသင်းခွဲ တပ်ဖွဲ့မှူး ဒေါ်ဝင်းရီက ရှေးဦးပြုစုခြင်းသင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ သင်တန်းကို စတင်ဖွင့်လှစ် သင်ကြားခဲ့သည်။

အဆိုပါ ရှေးဦးပြုစုခြင်း အ‌ခြေခံသင်တန်းတွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်ဝင်းရီက ကြက်ခြေနီအကြောင်း သိကောင်းစရာများနှင့် ကြက်ခြေနီအသင်းဖြစ်ပေါ်လာပုံ၊ ကြက်ခြေနီအသင်း၏ ရှေးဦးပြုစု နည်းစနစ်များကို သင်တန်းသား၊ သူများအား ဦးစွာ ရှင်းလင်းပြောကြားပြီး၊ သင်တန်းနည်းပြများက စာတွေ့၊ လက်တွေ့နှင့်သရုပ်ပြနည်းတို့ကို သင်ကြား‌ပေးမည်ဖြစ်ပြီး သင်တန်းကာလမှာ ဇွန်လ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ (၃)ရက်ကြာ ဖွင့်လှစ်ပို့ချ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းထွန်းအောင် (ပြန်/ဆက်)