ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုး‌ဆွေဝင်း‌ ပေါက်ခေါင်းမြို့နယ်တွင် မျိုးစေ့ချကိရိယာဖြင့် မိုးစပါးစိုက်ပျိုးပြသခြင်းနှင့်စုပေါင်းထွန်ယက်ပွဲသို့တက်ရောက်အားပေးပြီး တောင်သူများသို့ မိုးစပါးမျိုး‌စေ့အိတ်များပေးအပ်

ပေါက်ခေါင်း  ဇွန်  ၁၉

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ ညနေ ၃ နာရီအချိန်ခန့်က ပေါက်ခေါင်းမြို့နယ် ငါးခူအိုင်ကျေးရွာ တောင်သူဦးအောင်ဌေးမင်း၏လယ်မြေတွင် မိုးစပါးမျိုး GW -11 ကို မျိုးစေ့ချကိရိယာ Dram Seeder ဖြင့် စိုက်ပျိုးပြသခြင်းနှင့် စုပေါင်းထွန်ယက် စိုက်ပျိုးပွဲသို့ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ငါးခူအိုင်ကျေးရွာရှိ တောင်သူများနှင့်‌တွေ့ဆုံ၍ နွေစပါး၊ မိုးစပါးနှင့်ဆီထွက်သီးနှံများအထွက် တိုးရေးစနစ်တကျ စိုက်ပျိုးရန်နှင့် လယ်မြေများတွင် သုံးသီးစားတိုးချဲ့စိုက်ပျိုး‌ရန်၊ တိုင်းရင်းကြက်‌ မွေးမြူရေးနှင့်ဓာတ်မြေဩဇာအစား သဘာဝမြေဩဇာကို အစားထိုးသုံးစွဲ‌ ပေးရေးတို့ကိုမှာကြားပြီး၊ ဒေသခံတောင်သူများအား အထွက်တိုး မျိုးစပါး GW-11 မျိုးအိတ်များကိုပေးအပ်ခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် အင်ငါးခွကျေးရွာရှိ ကြံမျိုးယှဉ်ပြိုင်စမ်းသပ်စိုက်ခင်း၊ မိုးမြေပဲစံပြစိုက်ကွက်နှင့်တာကောက်ကျေးရွာရှိ မိုးနှမ်းစံပြကွက် ၇ ဧကစိုက်ခင်း စိုက်ပျိုးထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုကြပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)