နတ်မောက်မြို့နယ်၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး  အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေး

နတ်မောက် ဇွန် ၁၉

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက်(၈)နာရီ အချိန်က တြိဂံလမ်းဆုံတွင် ပြုလုပ်ခဲ့သည်။

အဆိုပါလက်ကမ်းစာစောင်တွင် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မများ၊ မော်တော်ဆိုင်ကယ်စီးနင်းသူများ လိုက်နာရန် စည်းကမ်းများ၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပ​ဒေနှင့် အခြားသိကောင်းစရာဥပဒေများ၊ ဆောင်ပုဒ်များ စသည့်အသိပညာပေးလက်ကမ်းစာစောင်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးနှင့် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပူးပေါင်း၍ ယာဉ်ကြီး၊ ယာဉ်ငယ် မော်တော်ဆိုင်ကယ်၊ မြင်းလှည်းနှင့် လမ်းသွားလမ်းလာ ပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

လှဝင်း